Friday, April 20, 2012


ချစ်သောညီအစ်ကိုမောင်နှမများ ဝမ်းနည်းကြေကွဲခြင်း၊ဒုက္ခရောက်နေချိန်၊ယုံကြည်ခြင်းနိုးကြားစေဖို့ရန်၊
သတိရဖို့အတွက် အရေးပေါ် ဖုန်းနံပါတ်များကို ဆက်သွယ်ကြ ပါလို့ ခရစ်တော်နာမဖြင့် အကြောင်းကြား လိုက်ပါသည်။ အရေးပေါ်ဖုန်းနံပါတ်များသည် အချိန်မရွေးခေါ်နိုင်ပါသည်။
ကြားခံအော်ပရေတာ မရှိ၊ ဖုန်းလိုင်းများသည်(၂၄)နာရီလုံးလုံး ခေါ်၍ရပါသည်။ဖုန်းလိုင်း မအားပါဟူ၍မရှိပါ။
သင်ဝမ်းနည်းကြေကွဲသောအခါ (ယောဟန် ၁၄)
သင့်ကို လူများက မထီမဲ့မြင်ပြုသောအခါ (ဆာလံ ၂၇)
သင်အသီးသီးသော အသက်သာဖြစ်လိုလျှင် (ယောဟန် ၁၅)
သင်အပြစ်ပြုမိသောအခါ (ဆာလံ ၅၁)
သင်စိုးရိမ်ပူပန်သောအခါ (မဿဲ၆း၁၉-၃၄)
သင်ဘေးအန္တရာယ်ထဲကျရောက်သောအခါ (ဆာလံ ၉၁)
ဘုရားသခင်က သင်နှင့်ဝေးနေသည်ဟုခံစားရသောအခါ (ဆာလံ ၁၃၉)
သင်ယုံကြည်ခြင်းကို နိုးကြားစေလိုသောအခါ (ဟေဗြဲ ၁၁)
သင် အထီးကျန်ဆန်၍ ကြောက်ရွံ့သောအခါ (ဆာလံ ၂၃)
သင့်အိမ်နှင့်ခွဲခွာ၍ ခရီးသွားရသောအခါ(သို့)အလုပ်လုပ်ရသောအခါ (ဆာလံ ၁၂၁)
သင်အားကိုးရာမဲ့ဖြစ်သောအခါ (ရောမ ၈း၃၁)
သင့်အသက်တာ၌ ခါးသီးနာကြည်းခြင်းနှင့်အပြစ်တင်ခြင်းခံရသောအခါ (၁ကော ၁၃)
ရှင်ပေါလု၏ ဝမ်းမြောက်ခြင်း လျှို့ဝှက်ချက်ကို သိလိုသောအခါ(ကောလောသဲ၃း၁၂-၁၇)
ခရစ်ယာန်ဖြစ်ခြင်း၏ အနှစ်သာရကို သိရန် (၂ကော ၅း၁၅-၁၉)
ငြိမ်သက်ခြင်းနှင့်သက်သာခြင်းလိုအပ်သောအခါ (မဿဲ ၁၁း၂၅-၃၀)
သင့်ပတ်ဝန်းကျင်အခြေအနေသည်ဘုရားသခင်ထက်ကြီးမားသည်ဟုထင်ရသောအခါ (ဆာလံ ၉၀)
ကယ်တင်ခြင်း စိတ်ချမှု လိုအပ်သောအခါ (ရောမ ၈း၁-၃၀)
သင့်ဆုတောင်းချက်များ အတ္တဆန်လာသောအခါ (ဆာလံ ၆၇)
ကြီးမားသောအခွင့်အရေး (ဟေရှာယ ၅၅)
သင့်လုပ်ငန်းတာဝန်တရပ်အတွက် ရဲရင့်မှုလိုအပ်သောအခါ (ယောရှု ၁)
လူများနှင့် အသင့်အတင့် နေနိုင်ရန် (ရောမ ၁၂)
သင်သည်ရယူခြင်းနှင်ပေးဆပ်ခြင်းများကို စဉ်စားသောအခါ (မာကု ၁၀)
သင်ဖိစီးမှုခံစားရလျှင် (ဆာလံ ၂၇)
သင့် အိပ်ကပ်ထဲ၌ငွေမရှိသောအခါ (၁ကော ၁၃)
သင်လူမျာကို ယုံကြည်မှု ကင်းမဲ့လာသောအခါ (၁ကော ၁၃)
လူများသည် သင့်ကိုမချစ်၊မကြင်နာဟု ထင်ရသောအခါ (ယော ၁၅)
သင်အလုပ်ကြောင့်စိတ်ဓါတ်ကျလျှင် (ဆာလံ၁၂၆)
သင်သာလျှင်အကြီးဆုံး၊အတော်ဆုံးဟု ထင်ရလျှင် (ဆာလံ ၁၉)
ကြောက်ရွံ့မှုအတွက် (ဆာလံ ၃၄း၇)
လုံခြုံမှု အတွက် (ဆာလံ ၁၂၁း၃)
စိတ်ချမှု၊အာမခံချက် (မာကု ၈း၃၅)
စိုးရိမ်ကြောင့်ကျမှုဖြေဖျောက်ပေးခြင်း (ဆာလံ ၁၄၅း၁၈)
သူငယ်ချင်းတစ်ယောက်က share ပေးလို့  ဒီ ကမသိသေးသော သူငယ်ချင်းများအတွက်လဲ share ပေးတာပါ
May God Bless YOu all :)

No comments:

Post a Comment