Friday, April 20, 2012




ကင်ဆာကို တိုက်ဖျက်ကာကွယ်နိုင်သည့် အစားအစာ ၁၃မျိုး
၁.ကြက်သွန်ဖြူ
ကင်ဆာရောဂါကိုကာကွယ်နိုင်တဲ့ဓါတ်ပေါင်းများစွာ ပါဝင်ပါတယ်...အရေပြား ၊အူမကြီး ၊အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို အဓိက အကာအကွယ် ပေးပါတယ်....
၂.အစိမ်းရင့်ရောင် အသီးအရွက်များ
အင်တီအောက်ဆီးဒင့် ဖြစ်တဲ့ ကယ်ရိုတင်းနွိုက်တွေ အများကြီးပါရှိပါတယ်..ကင်ဆာကိုဖြစ်စေတဲ့ Free Radicals တွေရဲ့ဘေးကို လျှော့ကျ စေပါတယ်...
၃.စပျစ်သီး
စပျစ်သီးနဲ့ စပျစ်ဝိုင်မှာ အစွမ်းထက် အင်တီ အောက်ဆီးဒင့် ဖြစ်တဲ့ ရက်စ်ဗာရထရော ပါဝင်တာကြောင့် ဆဲလ်တွေ ပျက်ဆီးတာကို ကာကွယ် ပေးပါတယ်..
၎.လက်ဖက်စိမ်းရည်
လက်ဖက်စိမ်းရည်မှာပါဝင်တဲ့ ဖလေဗိုနွိုက်က အူမကြီး၊အသည်း၊ရင်သားနဲ့ ဆီးကျိတ်ကင်ဆာတွေဖြစ်ပွားတာကနေ ကာကွယ်နိုင်သလို ကင် ဆာရောဂါရဲ့ဆဲလ်ပွားခြင်းကိုလည်း နှေးကွေးစေပါတယ်..
၅.ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုက်ကိုပင်းဓာတ်က ရင်သားကင်ဆာ ဆီးကျိတ်ကင်ဆာ အဆုတ်ကင်ဆာ နဲ့ အစာအိမ်ကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ်...
၆.ဖရဲသီး
ကင်ဆာရောဂါကိုတွန်းလှန်ပေးနိုင်တဲ့ လိုင်ကိုပင်းဓာတ်တွေ ပါဝင်ပါတယ်...
၇.ဘလူးဘယ်ရီသီး
ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တဲ့ ဓာတ်ပေါင်းများစွာပါဝင်ပါတယ်..ကင်ဆာရောဂါအားလုံးကို ကာကွယ်ပေးနိုင်ပါတယ်..
၈.မိချောင်းကွမ်းဖတ်
မိချောင်းကွမ်းဖတ်မှာ ပါဝင်တဲ့ လိုင်နန်က အင်တီအောက်ဆီးဒင့် အာနိသင်ကိုပေးစွမ်းပြီး ကင်ဆာဖြစ်စေတဲ့ ပြောင်းလဲမှုမှန်သမျှကို ဟန့်တားပေးနိုင်ပါတယ်..ဒါ့အပြင် အိုမီဂါ ၃ အဆီကြွယ်ဝတာကြောင့် အူမကြီး ကင်ဆာဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်...
၉.ပန်းဂေါ်ဖီ မျိုးရင်းဝင်များ
ပန်းဂေါ်ဖီ ၊ပန်းဂေါ်ဖီပွင့် ၊ဂေါ်ဖီထုပ်တွေမှာ ကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပါတယ်..
၁၀.ကောက်နှံ
ကင်ဆာကို တွန်းလှန်နိုင်တဲ့ အင်တီအောက်ဆီးဒင့် အမျှင်ဓာတ်နဲ့ ဖိုက်တိုအီစထရိုဂျင်တွေ ပါဝင်ပါတယ်...
၁၁.မုန်လာဥနီ
ဗီတာမင်အေများစွာ ပါဝင်ပြီး ခုခံအားစနစ်ကို မြင့်စေပါတယ်..မျက်စိကိုလည်း အားကောင်းစေပါတယ်...
၁၂.နနွင်း
ဟင်းထဲမှာ နနွင်းကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာလောက်ပါဝင်အောင် ထည့်ချက်စားပေးပါ..စမ်းသပ်မှုတွေအရ နနွင်းမှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ အာနိသင် ရှိပါတယ်...နနွင်းမှာပါတဲ့ ကာကူမင်ဒြပ်ပေါင်းက ရင်သားကင်ဆာ ၊အစာအိမ်ကင်ဆာ ၊ တခြားကင်ဆာတွေရဲ့ ဖြစ်ပွားနှုံးကို လျှော့ကျစေပါတယ်...
၁၃.ငါး
ဆာဒင်ငါး ၊ပုစွန်ဆိတ် ၊ပင်လယ်ငါးတွေကနေ ဗီတာမင် ဒီဓာတ်ကို ရရှိနိုင်ပါတယ်...ဗီတာမင်ဒီက ကင်ဆာဆဲလ်ကြီးထွားမှုနဲ့ ပျံ့နှံ့မှုကို လျော့နည်းစေပါတယ်...ကယ်လ်ဖိုးနီးယားမှာ ပြုလုပ်တဲ့ လေ့လာမှုအရ နေရောင်ခြည်နဲ့ ထိတွေ့မှုနည်းတဲ့ အမျိုးသမီးတွေမှာ ကင်ဆာဆဲလ် ပျံ့နှံ့တာတွေ တွေ့ရတယ်လို့ သိရပါတယ်..ဟုတ်ကဲ့ ကျွန်တော် မျိုးသက်ခိုင်ပါ....လူအချင်းချင်းနှိပ်စက်ခြင်းမှ ကင်းဝေးကြပါစေ...အားလုံးကိုကျေးဇူးတင်ပါတယ်.....

No comments:

Post a Comment