Tuesday, January 17, 2012

တခါတုန်းက ကျွန်တော်ရဲ.သား၂ယောက်နဲ. ရန်ကုန် မဟာဗန္ဒူလပန်းခြံကိုသွားကြပါတယ်၊ ကလေး၂ယောက်စလုံးကို အဖေ့လက်ကို သေချာကိုင်ထားနော်၊ကားလမ်းကူးတော.မယ်”လို့ပြောတော. အငယ်ကောင် ဂျိုးဇက်က ပါပါးကပဲ သားရဲ့လက်ကို ကိုင်ထားပေးပါလားတဲ့။ 

ဒါနဲ့ကျွန်တော်က “သားရဲ့လက်ကိုအဖေကိုင်တာနဲ့ အဖေရဲ့လက်ကို သားကိုင်တာနဲ့က အတူတူဘဲမဟုတ်လား”လို့ ပြောလိုက်တယ်။ ဒါနဲ့သူက လုံးဝမတူဘူးလို. အသဲအသန်ငြင်းပါတယ်၊ကျွန်တော်က သားလေးကိုမေးတယ် “ဘယ်လိုမတူတာလဲသား??”လို.မေးတော. 
“အဖေရဲ့လက်အကြီးကြီးကို သားရဲ့လက်သေးသေးလေးနဲ့ ကိုင်ထားရင်လွတ်သွားမှာပေါ့၊ ဒါပေမဲ့ အဖေ့လက်အကြီးကြီးနဲ့ သားလက်သေးသေးလေးကို ကိုင်ထားရင်တော့ဘယ်တော့မှလွတ်မှာမဟုတ်ဘူး”တဲ့။ ဒီအဖြစ်အပျက်လေးက - ကလေးလေး သူ. အဖေပေါ်မှာစိတ်ချမှု(trust level)အပြည်.အဝရှိသလိုဘဲ   

သင်နှင့်ကျွနုပ်တို.နေ.စဉ် အသက်တာမှာလဲ ဘုရားသားသမီးဖြစ်လာပြီဆိုရင် ဘုရားသခင်အပေါ်မှာ အရာအားလုံး စိတ်ချတတ်ဖို့ အရေးကြီးပါတယ်။  ဆာလံဆရာက ၁၁၈ခုမြောက်သောဆာလံ ၈-၉ မှာ လူကိုကိုးစားခြင်းထက် မင်းကိုကိုးစားခြင်းသည်သာ၍ကောင်း၏။ မင်းကိုကိုးစားခြင်းထက် ဘုရားသခင်ကို ကိုးစားခြင်းသည် သာ၍ကောင်း၏လို့ပြောပါတယ်။ 

ဘုရားသခင်ကို အကြွင်းမဲ့ ယုံကြည် ကိုးစားတတ်သောသူများ ဖြစ်ကြပါစေ။

No comments:

Post a Comment