Tuesday, January 15, 2013

တန်ခိုးအစွမ်းထက်သည်

(သူတော်ကောင်း ဆုတောင်း၍ အရှိန်ကြီး သောပတ္ထနာသည် အလွန်တန်ခိုးပါ၏။ယာ၅း ၁၆) ကျွန်မညီမ၌ ကင်ဆာရောဂါစွဲ ကပ်နေ ကြောင်းသိရသောအခါ မိတ်ဆွေများကို ဆုတောင်း ပေးရန် ပြောခဲ့သည်။ ခွဲစိတ်သောအခါ ကင်ဆာကို အမြစ်ပြတ်ဖယ်ရှားပစ်နိုင်ပြီး၊ ဆေးသွင်းဓာတ်ကင် ရန်မလိုတော့အောင် ဆုတောင်းကြသည်။ ဘုရားသခင်က တောင်းသည့်အတိုင်း အဖြေပေးခဲ့သည်။ ထို သတင်းကို ပြန်ပြောပြသောအခါ မိတ်ဆွေတစ်ဦး က “ဆုတောင်းခြင်းတန်ခိုး အစွမ်းထက်လို့ ၀မ်းသာ မိတယ်”ဟု မှတ်ချက်ချသည်။ ကျွန်မကမူ ‘ဒီတစ်ခါ ဘုရားသခင်က တောင်းတဲ့ အတိုင်း အဖြေပေးလို့ ကျေးဇူးတော်ချီးမွမ်း ပါတယ်’ဟုတုံ့ပြန်ခဲ့ သည်။ “သူတော်ကောင်း ဆုတောင်း၍ အရှိန်ကြီးသော ပတ္ထနာသည် အလွန်တန်ခိုးပါ၏” ဟု ရှင်ယာကုပ်ရေးသားခဲ့သည်(၅း၁၆)။ သို့သော် “အရှိန်ကြီးသော” “တန်ခိုးပါသော” စသည်ဖြင့် ဖော်ပြချက်က မိမိတို့ကြိုးစားအားထုတ် ဆုတောင်းခြင်းကြောင့် (သို့) လူအများဝိုင်း၍ ဆုတောင်းခြင်းကြောင့် ဘုရားသခင်က တောင်း သည့်အတိုင်း အဖြေပေးသည့် သဘောလား။ ဘုရားသခင်က “လုပ်မပေးဘူး” “စောင့်ဦး” စသည်ဖြင့် ပေးသော အဖြေများစွာ ကျွန်မရခဲ့ဖူးသည်။ ထို့ကြောင့် စဉ်းစားဆင်ခြင် ရန် အကြောင်းများစွာရှိပါသည်။ ဆုတောင်းခြင်း သည် အစွမ်းတန်ခိုးကြီးလှသည်။ သို့သော် နက်နဲဆန်းကြယ် ပြီး နားလည်ရခက် သည်။ ဆုတောင်းရာ၌ ယုံကြည်ခြင်းရှိရန်၊ စိတ်အားထက်သန်ရဲဝံ့စွာ ဆုတောင်းရန်၊ ဇွဲရှိရန်၊ ဘုရားသခင်၏အလိုတော်၌ လုံးဝအပ်နှံထားရန် ကျွန်ုပ်တို့ သွန်သင်ခံရ သည်။ သို့သော် ဘုရားသခင်က သူ၏ဥာဏ်ပညာတော်နှင့်အညီ အဖြေပေးပြီး၊ သူ၏အဖြေက အကောင်းဆုံးဖြစ်သည်။ အဖြေက မည်သို့ပင်ဖြစ် လင့်ကစား ဘုရားသခင် သည် ကောင်းမြတ်ဆဲ၊ ကျွန်မတို့၏နှလုံးသား ခံစားချက်များ ကို ဘုရားသခင် ကြားသိလိုခြင်း အတွက် ကျေးဇူးတင်မိသည်။ “ဆုတောင်းခြင်းနှင့် အကူအညီမဲ့ခြင်းကို ခွဲခြား မရပါ။ ကူရာကယ်ရာမဲ့နေသူသာ အမှန်တကယ် ဆုတောင်းပြီး၊ ကူရာမဲ့ အနေအထားက ဆုတောင်းရန် အကောင်းဆုံးပါ” ဟုဆိုသော `Ole Hallesby’ ၏ စကားကို ကျွန်မနှစ်သက်လှ ၏။ ကျွန်မတို့က ကူရာမဲ့အခြေအနေကို အကောင်းဆုံး ဖြေရှင်းနိုင်ပါသည်။ — Anne Cetas

No comments:

Post a Comment