Wednesday, January 23, 2013

ကောင်းမွန်ပြီးပြည်စုံသောစကား ( ဧ ၄း၂၅ - ၃၂) ညစ်ညူးသောစကားတစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲကမ ထွက်စေနှင့် ကြားနာ သောသူတို့၏ အကျိုးကို ပြုစုစေခြင်းငှာ တည်ဆောက်စရာဘို့ ကောင်းသောစကား ကိုသာ သုံးဆောင်ကြလော့။ နှစ်စဉ်ကျင်းပသည့် အမေရိကန်နိုင်ငံ၏ အမ်မီ တေးဂီတဆုပေးပွဲတွင် ‘အမ်မီဆု’ဆွတ်ခူး ခဲ့သည့် မင်းသမီးသည် အားယူရဲစိတ်တင်ပြီး အခမ်းအနား တစ်ဝက်တစ်ပျက်၌ ထွက်သွား သည်။ အဘယ်ကြောင့်နည်း? အခမ်းအနားတွင် တင်ဆက်သူများ၊ ကပြအသုံးတော်ခံသူများ၊ပွဲစီစဉ် သူများ၏ “ညစ်ညူးရိုင်းပြသောပြက်လုံး၊ ဝေဖန် ချက်၊ ထိုးနှက်မှုများ”ကြောင့် အလွန်စိတ်ပျက်၊ စိတ်မကောင်းဖြစ်ရပြီး သည်းမခံနိုင်ခြင်းကြောင့်ဟု ဆိုသည်။ ထိုညနေသည် လူတိုင်း၏ဂုဏ် အသရေ၊ မိမိကိုယ်ကို လေးစားမှုများ အစိတ်စိတ်အမွှာမွှာ ပျက်စီးလျက် အစော်ကားခံရသည့် ညနေခင်းဟု သူမက ဆိုသည်။ ရှင်ပေါလု၏ခေတ်၌လည်း မဆီလျော် ယုတ်ညံ့သော စကားအပြောအဆိုများနှင့်စပ်လျဉ်း၍ ပြဿနာရှိခဲ့သည်။ ဧဖက်မြို့ရှိ ခရစ်ယာန်များအား “မတော်မလျော်သော၊ ညစ်ညူးပြက်ပြယ်ပြက်ယယ်သောစကားများကိုဖယ်ရှားရန်(ဧ၊၅း၎)၊ ကောလောသဲမြို့သားတို့အား သူ့အသရေ ပျက်အောင်ပြောဆိုခြင်း၊ ညစ်ညူးသောစကားသုံးခြင်းတို့ကို ၎င်းတို့၏ နှုတ်မှဖယ်ရှားရန် (ကော၊ ၃း၈) ရှင်ပေါလုမှ သတိပေးခဲ့သည်။ ၎င်းတို့သည် လူဟောင်း၊ အသက်တာဟောင်း၏သရုပ်သကန်ဖြစ်ပြီး (၁ ကော ၊၆း၉-၁၁)၊ ယခုခရစ်တော်၌ အသစ်ဖြစ်သော အသက်တာတွင် ၎င်းတို့အတွက် နေရာမရှိတော့ပါ။ ထို့ပြင် ၎င်းအသက်တာသစ်သည် ကောင်းမွန်ပြည့်စုံသောစကား များဖြင့် ထူးခြားလက္ခဏာရှိရမည်။ ကောင်းမွန်ပြည့်စုံသောစကားသည် ကြားနာရသူတို့အတွက် တည်ဆောက်စရာဖြစ်လိမ့်မည် (ဧ ၄း၂၉)။ သန့်ရှင်းသောဝိညာဉ်တော်သည် နှုတ်ကို စောင့်ထိန်းပေးပြီး ညစ်ညူးသောစကားမဆိုမိအောင် သတိပေးမည်။ အခြားသူတို့အတွက် တည်ဆောက်စရာအကျိုးရှိမည့်စကားကို သုံးဆောင်ရန်မစမည်(ယော ၁၆း၇-၁၃)။ ကျွန်ုပ်တို့သည် မိမိ၏ဖြစ်တည်မှုအတိုင်း ဘုရားသခင်ကို ကိုယ်စားပြုထင်ဟပ်ပြ ရန် စေစားခေါ်တော်မူခြင်းခံရပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏နှုတ်၌ ကျေးဇူးတော်ချီးမွမ်း ခြင်းနှင့် တစ်ပါးသူကို အကျိုးပြုမည့်စကားများနှင့် ပြည့်ကြပါစေသား။ — Marvin Williams

No comments:

Post a Comment