Thursday, January 24, 2013

ယေရှုနည်းတူ

ထိုသခင်(ယေရှု)၌ ငါတည်၏ ဟုဆိုသော သူသည် ထိုသခင်ကျင့်တော်မူသည် နည်း တူကျင့်ရမည်။ ၁ယော ၂း ၆ အသင်းတော်၏ ကလေးသူငယ်များဝတ် ပြုကိုးကွယ်သည့်အစီအစဉ်၌ ဆရာမက ပညတ် တော် (၁၀)ပါးမှ ပထမပညတ် – “ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်” ဟူသည့် အချက်ကို သင်ကြားနေသည် (ထွက်၂၀း၃)။ “သကြားလုံး၊ ကျောင်းစာ၊ ဗွီဒီယိုဂိမ်း ဘယ်အရာ ကမှ ဘုရားသခင်ထက်ပိုပြီး အရေးမကြီးသင့်ဘူး” ဟု ဆရာမက ဥပမာပေးသည်။ ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်းဖြင့် ဘုရားကိုဦးစားပေးသည့်အချိန် ကို ပထမဦးထိပ်ထားသင့်ကြောင်း ရှင်းပြသည်။ ခရစ်ယာန်ဖြစ်ခြင်းသည် စည်းကမ်းပညတ် များကို နာခံခြင်းလား၊ အသက်တာကဏ္ဍအားလုံး၌ ဘုရားသခင်ကိုပါဝင်စေခြင်းလားဟု ပို၍အရွယ်ကြီးသော ကလေးမတစ်ဦးက မေးလိုက်သည်။ ထိုမေးခွန်းက အတွေးကို လှုံ့ဆော်သည့် မေးခွန်းဖြစ်သည်။ တစ်ခါတစ်ရံ၌ ကျမ်းစာကို ပညတ်/စည်းကမ်းစာအုပ်ကြီးအဖြစ် ကျွန်ုပ်တို့ အထင်မှားမိသည်။ ဘုရားသခင်ကိုနာခံခြင်း(ယော၁၄း၂၁)၊ ဘုရားနှင့်အချိန်ယူခြင်းက အရေးကြီးသည်။ သို့သော် ၄င်းကို ပညတ်သဖွယ်နာခံလုပ်ဆောင်သည့် အကျင့် ကျင့် ခြင်းမျိုး မဖြစ်ရပါ။ သခင်ယေရှုနှင့်ခမည်းတော်၏ဆက်ဆံရေးက ချစ်ခြင်း သဘောဆောင်၏။ ကျွန်ုပ်တို့နှင့်ဘုရားသခင်၏ ဆက်ဆံရေးတွင် ကိုယ်တော်နှင့်အချိန်ယူ မိတ်သဟာရဖွဲ့ချင် စိတ်၊ နာခံလိုစိတ်ရှိရမည်။ သို့မှသာ သခင်ယေရှုနှင့် တိုး၍ တူလာမည်။ ရှင်ယောဟန်က “ထိုသခင်၌ ငါတည်၏ဟုဆိုသောသူသည် ထိုသခင်(ယေရှု) ကျင့်တော်မူသည်နည်းတူ ကျင့်ရမည်။” (၁ယော၂း ၆) ဟုဆိုထားရာ၊ သခင်ယေရှုသည် ကျွန်ုပ်တို့ အတုယူရမည့် ပုဂ္ဂိုလ်ပင် ဖြစ်သည်။ မည်သို့မေတ္တာပြရမည်၊ မည်သို့နှိမ့်ချရမည်၊ မည်သို့ ယုံကြည်ခြင်းစိတ်ရှိရမည်၊ မိမိ၏ ဦးစားပေးမှုများကို မည်သို့ချမှတ်ရမည် စသည်တို့ကို သိရှိနားလည်လိုပါက သခင် ယေရှုကို ကြည့်ပြီး သူ့အလိုအတိုင်း လိုက်လျှောက်ရမည်ပင်။ —

No comments:

Post a Comment