Monday, January 28, 2013

ရွှေအမှတ်တရများ

ဆာ ၁၄၃း ၁ -ရှေးလွန်လေပြီးသော ကာလကို အောက် မေ့၍ . တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့သည် လွန်လေ သောနှစ်များကို ပြန်ပြောင်းအောက်မေ့ရင်း တစ်ချိန် က “ရွှေအမှတ်တရများ”ကို ပြန်တမ်းတမိသည်။ သို့သော် လူအချို့၌ “ခါးသီးသော အမှတ် တရများသာရှိသည်။ ညဥ့်နက်သည့်တိုင် အိပ်မရဘဲ မိမိ၏အရှုံးများ၊ အမှန်အတိုင်း သိရှိ သဘောပေါက် လာမှုများ၊ စိတ်ကူးယဉ်အိပ်မက်များကို စဉ်းစားရင်း ရက်စက်လွန်းသော ဘ၀ဟု တွေးမိသည်။ အတိတ်ကို ဒါဝိဒ်မင်းကြီးကဲ့သို့ အောက်မေ့ သင့်သည်။ သူက “ရှေးလွန်လေပြီးသော ကာလကို အောက်မေ့၍ အလုံးစုံသောအမှုတော်တို့ကို၎င်း၊ လက်တော်ဖြင့် ပြုပြင်သောအရာများနှင့် ဘုရား ကျေးဇူးပြုသည့် ကောင်းမှုအစုစုကို ဆင်ခြင်သည် (၁၄၃း၅)။ ဘုရားသခင်၏ ချစ်ကြင်နာမှုများကို ပြန်သတိရလျှင် နှစ်ကာလတစ်လျှောက် ဘုရား၏ကောင်းကြီးများကို ပြန်တွေ့ရမည်ပင်။ ထိုအမှတ်တရများက အကောင်းဆုံးအခြေအနေကို ခံစားရစေပြီး ဘုရားသခင်ကို ပို၍ တမ်းတမိသည်။ ကိုယ်တော်၏ကြင်နာဂရုပြုမှုကို ပို၍ တောင့်တမိသည်။ ထိုအမှတ်တရ အတိတ်ပုံရိပ်များက ဘုရားသခင်နှင့်ရင်းနှီးကျွမ်းဝင်မိတ်ဖွဲ့စေသည့်အရာအဖြစ် ပြောင်းလဲ သွားသည်။ အဖြစ်အပျက်တစ်ခုကို ကျွန်တော်ကြားဖူးသည်။ သက်ကြီးအမျိုးသမီးတစ်ဦး သည် ပေါင်ပေါ်၌ လက်ကိုယှက်၍တင်ထားပြီး လှုပ်ကုလားထိုင်၌ထိုင်ရင်း မျက်လုံးက အဝေးသို့ မျှော်ကြည့်သည်။ တစ်နေ့တွင် သူ့သမီးက “အမေရယ်၊ တစ်နေ့လုံးငြိမ်ငြိမ်လေး ထိုင်ပြီး ဘာတွေတွေးနေလာလဲ” ဟုမေးရာ အမေ့မျက်ဝန်းတောက်ပသွားပြီး “ယေရှုနဲ့ အမေပဲ သိတယ်” ဟု ညင်သာစွာ ပြန်ဖြေခဲ့သည်။ ကျွန်ုပ်တို့၏ အမှတ်တရများနှင့် ဆင်ခြင်စရာများက ကျွန်ုပ်တို့ကို ကိုယ်တော့် ရှေ့တော်မှောက်သို့ ဆောင်ကြဉ်းပို့ဆောင်ပါစေသားဟု ဆုတောင်းလိုက်ရပါသည်။ —

No comments:

Post a Comment