Friday, January 25, 2013

ဖိတ်ကြားမည့် ဧည့်သည်စာရင်း

လု ၁၄း ၇ - ၁၄ သင်တို့သည် ပွဲခံသောအခါ ဆင်းရဲသော သူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသော သူ၊ မျက်စိကန်းသောသူများကို ခေါ်ဖိတ် လော့။ ထိုသို့ ခေါ်ဖိတ်လျှင် မင်္ဂလာရှိလိမ့် မည်။ ပထမရာစုနှစ်က ပေါ်ပေါက်ခဲ့သော ‘ကိုရန်’ ဂျူးအဖွဲ့အစည်းသည် ပြင်ပလွှမ်းမိုးမှုဖိအားများနှင့် ကင်းအောင် တစ်သီးတစ်ခြားနေထိုင်ပြီး၊ မေရှိယ ကြွလာခြင်းအတွက် ကြိုတင်ပြင်ဆင်ကြသည်။ ၀တ်ပြုကိုးကွယ်ခြင်း၊ ဆေးကြောခြင်း ထုံးတမ်း စဉ်လာများ၊ စာရိတ္တဆိုင်ရာ စည်းကမ်းပြဌာန်း ချက်များကို တင်းကြပ်တိကျစွာ လုပ်ဆောင်နာခံ ကြသည်။ ခြေဆွံ့သူ၊ ကန်းသူ၊ မသန်စွမ်းသူများကို ၎င်းတို့၏ လူမှုအသိုင်းအ၀ိုင်းထဲ အ၀င်မခံ။ ရုပ်ပိုင်းခန္ဓာ၌ချွတ်ယွင်းသူသည် မသန့်ရှင်းဟူသည့် ထုံးတမ်းဓလေ့ကို ၎င်းတို့အခိုင်အမာ ကိုင်စွဲ ယုံကြည်ကြသောကြောင့်ပါ။ တဖက်တွင်မူ ဣသရေလလူတို့၏မေရှိယ သခင်က ယုဒနယ်နှင့်ဂါလိလဲနယ်ရှိ မြို့ရွာတစ်လျှောက်တွင် လှုပ်ရှားနေသည်။ သခင် ယေရှုသည် ခမည်းတော်၏နိုင်ငံတော်ကို ကြွေးကြော်သည်။ သွန်သင်မှုပြုသည်။ နှစ်သိမ့် သက်သာမှုပေးသည်။ အံ့ဖွယ်နိမိတ်လက္ခဏာများပြသည်။ “သင်တို့သည် ပွဲခံသောအခါ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ် ဖိတ်လော့။ ထိုသို့ခေါ်ဖိတ်လျှင် မင်္ဂလာရှိလိမ့်မည်။” ဟုပင် ကြွေးကြော်ခဲ့သည် (း၁၃-၁၄)။ သခင်ယေရှု၏စကားနှင့်’ကိုရန်’အဖွဲ့မှ ဖိတ်ခေါ်လက်ခံသည့် လူ့မလိုင်များ၏ စာရင်းက ဆန့်ကျင်ဖက်ဖြစ်ပြီး ကျွန်ုပ်တို့အတွက် အမြင်ဖွင့်ပေးပါသည်။ များသောအားဖြင့် မိမိနှင့်အမြင်တူ၊ အတွေးတူသူများနှင့်သာ ကျွန်ုပ်တို့ပေါင်းဖော်လိုကြသည်။ သို့သော် ကျွန်ုပ်တို့၏သခင်က သူ့ကဲ့သို့၊ သူ့နည်းတူ လူတိုင်းကို တံခါးဖွင့်ကြိုဆိုရန် တိုက်တွန်း နှိုးဆော်ပေသည်။

No comments:

Post a Comment