Sunday, January 20, 2013

ငါ၏သိုးထိန်း


အာ ဗြ ဟံ အ မည် ကို ကျမ်း စာ ၌ ၃၀၈ ကြိမ် (ဓမ္မ ဟောင်း ၂၃၄ ကြိမ်၊ ဓမ္မသစ်၇၄ ကြိမ်) ဖေါ် ပြ ထားပါသည်။ နောက်တ ဖန် သင်၏ အ မည်ကို အာ ဗြံဟု မ ခေါ် ရ။ သင်၏ အမည်ကို အာ ဗြ ဟံ ဟု ခေါ်ရ၏။ အ ကြောင်းမူကား၊ ငါသည် သင့်ကိုများစွာသောလူ အ မျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ။ ကမ္ဘာ ၁၁း၂၇-၂၉ ။ ယောရှုမှတ်စာ ၂၄း၂-၂ ။ ကျွန်တော်တို့က ဘုရားကို ရှာတွေ့ခြင်း မဟုတ်ပါ။ ဘုရားက ရုပ်တု ကိုးကွယ်သောအာဗြံကို ခေါ်ထုတ်လာခြင်း ဖြစ်သည်။ လူ့ဘက်က ဘု ရားကိုသိခြင်းထက် ဘုရားက မိမိကို သိရန် လိုပါသည်။ သင်းအုပ်ဆ ရာကို သိုးထိန်းဟု မမြင်ရန်.. သိုးထိန်းသည် ဘုရားသခင် ဖြစ်ပါသည်။ လူများက သင်းအုပ်ဆရာကို သိုးထိန်းအဖြစ် မြင်လာပါက .. သင်းအုပ် ဆရာလည်းမိမိကိုယ်ကို သိုးထိန်းအဖြစ်ခံယူလာတတ်ပါသည်။ သ ခင်ယေရှုကို ငါ့ဘု ရား .. ငါ့ဘုရားဟု ပြောနေကြသော်လည်း ဘုရား ကလက် ခံ၊သဘောတူရန် အရေးကြီးပါသည်။ များစွာသော ဂိုဏ်းဃနများသည်.. သခင်ခရစ်တော်ကို သိုးထိန်းဟု ခံ ယူပါသည်။ ခရစ်တော်က ငါ့သိုးဟု ပြောသည်။ ဘုရားက သင့်ကို ပိုင် ပါသည်။တံဆိပ်ခတ်ထားခြင်း.. သန့်ရှင်သော ၀ိညာဉ်တော်နှင့် တံဆိပ် ခတ်ထားပါသည်။ (ယောဟန် ၁၀- ငါ့သိုး )ကျွန်တော်တို့ ဘုရားကိုသိခြင်း။ မိမိတို့ မှတ်ဥာဏ်များ ချို့ယွင်းသွား နိုင်ပါသည်။အချို့အသက် ကြီးသော သူများ DailyBread ဖတ်သော်လည်း မေ့သွားပါသည်။သခင်ယေရှုကို မသိတော့သည်အထိ မှတ်ဥာဏ်ပျက်စီးသွားသော်လည်း ဘုရားသခင် ကသူတို့ကို သိနေပါသေးသည်။ထိုသိုးတို့ကို ငါသိ၏။ဘုရားဖက်မှ သိနေပါသည်။ယေရှုဖက်မှ သိနေ ခြင်းကအရေးကြီးပါသည်။ယုံကြည် သူများသည်ဘုရားလက်ထဲရှိပါသည်။သင်ဖြစ်စေချင်တဲ့ အတိုင်း ဖြစ် ရန်ထက်ဘုရားသခင် ဖြစ်စေချင်သည့်အတိုင်း ဖြစ်ရန်အရေးကြီးပါသည်။ ဆုတောင်းချက်များကို ရိုးရိုး ပြန်စဉ်းစားလျှင် မိမိလုပ်ချင်တာများကို ဘု ရားကို သဘောတူခိုင်း နေတတ်ပါသည်။ဘုရားသခင် ဖြစ်စေချင်သည် ကို မိမိတို့ ၀န်ခံရမည် ဖြစ်ပါသည်။သို့မှသာ ပုံစံကျသောယုံကြည် သူ ဖြစ်လာပါမည်။သို့မဟုတ်ပါက စီးပွားဖြစ်ရန် နတ်ကိုးကွယ်သူ၏ နတ်ကန္နားပေး သကဲ့သို့ ဖြစ်နေမည် ဖြစ်ပါသည်။ ဆံပင်ညှပ်ဆိုင်တွင် ဆံပင်ညှပ်ဆရာပြောသည့်အတိုင်း လက်ခံ လုပ်ဆောင်မှ မိမိဆံပင် ပုံပေါ်လာမည် ဖြစ်သည်။သို့မဟုတ်ပါက ဆံ ပင်ပုံပျက်သွား နိုင်ပါသည်။ထို့အတူဘ၀အသက်တာပုံပေါ်လာ စေရန် အတွက် ဘုရားလုပ်ခိုင်းတဲ့အတိုင်း ၀န်ခံ လုပ်ဆောင်ရမည် ဖြစ်သည်။ ဘုရားကို ကူညီချင်သော သူများ... သမီးက ဘယ်ဘုရားကျောင်းရယ်လို့ မဟုတ်ပါဘူး။အားနည်းတဲ့ အ သင်းတော်ကိုတက်တယ်။အန်ကယ်တို့ကတော့ ဂိုဏ်းဃနအစွဲ မရှိပါ ဘူး.. မနက်ဆို ဒီဘုရားကျောင်းကို အားပေး ပြီး ညနေပိုင်းဆို ဟိုဘု ရားကျောင်းကို အားပေးတယ်..စသဖြင့် လူတော်တော်များများ ဘုရား ကိုအားပေးချင်ကြတယ်။ကူညီချင်ကြတယ်။မိတ်ဆွေ..သင့်အသက် တာမှာ ဘုရားသခင်ရဲ့ ကတိတော် ပြည့်စုံဖို့ရန် သင်လည်း တခုခု ကူ ညီရမယ် ထင်နေရင် နောင်တရဖို့ အချိန်ဖြစ်တယ်။အာဗရာဟံနဲ့ စာ ရာတို့အား ဘုရားသခင်က လူမျိုးကြီးဖြစ်စေမည်ဟု ပြောခဲ့သော်လည်း သားမရှိ ဖြစ်နေသောကြောင့် ဘုရားရဲ့ ကတိတော် ပြည့်စုံရန်ကူညီ လိုက်သောအခါ ၀မ်းမြောက်ရပါသလား... သင်ကူညီရင်လည်း ထိုကဲ့ သို့ ဖြစ်သွား နိုင်ပါ သည်။သင့်ဖက်ကဘာမှ လိုက်ပြီး ဘုရားကို ကူ ညီနေစရာမလိုပါ။ ဘုရားသခင်ကို မိမိက ကိုင်ထားသည်ထက် ဘုရားက မိမိကိုကိုင် ထား သည်က ပိုမိုကျိန်းသေပါသည်။ဘုရားသခင်ကို ဖက်ယမ်းထားပါမိမိ လက်မခိုင်သောအချိန်တွင်ဘုရားသခင်ကမိမိကိုကိုင်မထားပါ က ပြုတ် ကျသွားမည် ဖြစ်သည်။ ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထို သိုးတို့ကို ငါသိ၏။ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်း နှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။အဘယ်သူမျှ ထို သိုးတို့ကို ငါ့လက်မှ မ နှုတ်မယူရာ။ နှုတ် က ပတ် တော် သည် အ ယောက် စီ တိုင်း အတွက် လုံ ခြုံ မှု နှင့် က တိ တော် ဖြစ် ပါ စေ။ အာ မင်း။

No comments:

Post a Comment