Wednesday, January 30, 2013

တားဆီးမရ 30.01.2013

                    တော ၂၂း ၁၀ - ၃၄

ထိုအခါ ထာဝရဘုရားသည် ဗာလမ်မျက်စိ ကို ဖွင့်တော်မူ၍ ထာဝရဘုရား၏ ကောင်း ကင်တမန်သည် ဓားကိုမိုးလျက် လမ်း၌ ရပ် နေသည်ကို ဗာလမ်သည် မြင်သဖြင့် ....။                                              
“အပေါ်ဖြစ်ဖြစ်၊ အောက်ဖြစ်ဖြစ်၊ ဘေး ပတ်လည်မှာဖြစ်ဖြစ်၊ မွှေနှောက်ထိုးဖောက်ရမယ်ဆို လည်း ငါဖြစ်အောင်လုပ်မယ်၊ ဘယ်သူမှ ငါ့ကိုတားလို့ မရဘူး” ဟု အခွင့်အရေးကောင်း၊ အကျိုးဖြစ်မည့် အရာတစ်ခုခုကို မြင်လျှင်၊ အကြံပေါ်လာလျှင် လူ တို့တွင် အထက်ပါစိတ်ထားမျိုးကို တွေ့ရကြားရ သည်။ ရှိသမျှ အားအစွမ်းများပုံအောသုံး၍ ဖြစ် အောင်လုပ်တတ်သည်။
ဤသို့ခံယူမှုက အားနည်းချက်ရှိကြောင်း သက်သေပြရန် ဗာလမ်၏မြည်းကို သက်သေအဖြစ် တင်ပြပါမည်။
ဗာလမ်အား အိမ်နီးချင်းနိုင်ငံမှဘုရင်တစ် ပါးက သူ မြိုးမြိုးမြက်မြက်အကျိုးရှိစေမည့် အလုပ်
တစ်ခုကို ကမ်းလှမ်းသည်။ ထိုအလုပ်ကို လက်ခံ သင့်မသင့် ဘုရားသခင်၏ ခွင့်ပြုချက်ရယူရမည်။ ဘုရားသခင်က ခွင့်မပြုသောအခါ ဘုရင့်ကိုယ်စားလှယ်က ပိုကောင်းသောအခွင့်အရေးကို တိုးပေးသည်။ ဘုရားသခင် စိတ် ပြောင်းကောင်းပြောင်းမည်ဟု တွေးပြီး ဗာလမ်က ဘုရားသခင်ကိုထပ်မံ မေးလျှောက်သည်။ ထိုအခါ ကိုယ်တော်က တင်းကြပ်သော သတ်မှတ်ချက်ပေးပြီး ခွင့်ပြုခဲ့သည်။ ဘုရားသခင်က ဗာလမ်၏ စိတ်သဘောထားကိုသိပြီး၊ စိတ်တော်နှင့်မတွေ့ခဲ့ပါ။ ထို့ကြောင့် လမ်းခရီးတွင် ကောင်းကင်တမန်ကို စေလွှတ်တားဆီးစေသည်။ ကောင်းကင်တမန်ကို ဗာလမ်မမြင်ရပါ။ သူစီးသည့်မြည်းသာမြင်သည်။ မြည်းက ရှေ့ဆက်မသွားသောအခါ ဗာလမ်သည် သူ့လမ်းကို တားဆီးရကောင်းလားဟူ၍ သူ့ မြည်းကို အမျက်ထွက်လေသည်။
အတားအဆီးအခက်ဟူသမျှကို ကျော်လွှားအောင်နိုင်ရမည်ဟုလှေနံဓားထစ် မမှတ်ယူရန် ဗာလမ်၏အဖြစ်အပျက်က သင်ခန်းစာပေးနေ၏။ မိုက်မဲသောအမှုကို ဇွတ်တိုး မပြုအောင် ကျွန်ုပ်တို့ကို ဆီးတားရန် ဘုရားက အဟန့်အတားများ ချထားခြင်းဖြစ်ပါသည်။ မိမိ၏အကြံအစည်များနှောင့်နှေးကြန့်ကြာနေလျှင် စာတန်လုပ်တာဟု မတွေးသင့်။ ဘုရား သခင်က ကျွန်ုပ်တို့ကိုကာကွယ်ရန် လုပ်နေခြင်းဖြစ်နိုင်ပါသည်။

No comments:

Post a Comment