Tuesday, January 22, 2013

သင့်ဘုရားကို ရွေးချယ်ပါ 22.01.2013 အဘယ်မည်သော ဘုရားတို့အား ၀တ်ပြုမည်အရာကို ယနေ့ရွေးကြလော့။ ငါနှင့် ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရား ကိုသာ ၀တ်ပြုမည်။ — ယောရှု ၂၄း ၁၅ မကြာသေးမီက ဂရိဒဏ္ဍာရီကိုအခြေခံထား သည့် အွန်လိုင်းဂိမ်း ကြော်ငြာတစ်ခုကိုတွေ့ခဲ့ရ သည်။ စစ်တပ်များ၊ ဒဏ္ဍာရီထဲမှနတ်ဘုရားများ၊ သူ ရဲကောင်းများ၊ ရှာဖွေရမည့်အရာများစသည်ဖြင့် ဖော်ပြပါရှိသည်။ ဂိမ်းအစပြုရန် လမ်းညွှန်ချက်တွင် ‘အွန်လိုင်းသို့ အရင်ဝင်ပြီး စာရင်းသွင်းပါ။ထို့နောက် သင့်ဘုရားကို ရွေးပြီး သင့်အင်ပါယာ ထူထောင်ပါဟု ဖော်ပြထား၍ ကျွန်တော် စိတ်ဝင်စားသွားသည်။ ကိုယ့်ဘုရားကို ရွေးချယ်ရမည်ဆိုပါလား။ ၄င်းသည် သာမန်ဖော်ပြချက်ဖြစ်ငြားလည်း ကျွန်ုပ် တို့ နေထိုင်သည့် လောကကမ္ဘာ၌ အန္တရာယ် အကြီးဆုံးဖြစ်သည့်အချက်ကို ပုံဆောင်နေခြင်း ကြောင့် ကျွန်တော်အာရုံစိုက်မိခြင်းပါ။ ဂိမ်းကစား ရာ၌ ဘယ်ဘုရားကိုပဲရွေးရွေး ကိစ္စမရှိသော်လည်း၊ လက်တွေ့လောက၌ မိမိ၏ ရွေးချယ်မှုက ထာဝရအကျိုးဆက်သက်ရောက်လိမ့်မည်။ အခြားတစ်ပါးသော ဘုရားများဝန်းရံနေသည့် ခေတ်ယဉ်ကျေးမှုတွင် ဣသရေလ မျိုးဆက်တို့အား ယောရှုက သူတို့ကိုးကွယ်မည့်ဘုရားကို ရွေးချယ်ရန် ကြွေးကြော်ခဲ့သည်။ သို့သော် ပေါ့ပေါ့တန်တန် လုပ်ဆောင်ရန်မဟုတ်ပါ။ “မြစ်ကြီးတစ်ဖက်၌ ဘိုးဘေးတို့ ၀တ်ပြု သောဘုရား၊ သင်တို့နေရာ အာမောရိပြည်သားတို့၏ဘုရားများတွင် အဘယ်မည်သော ဘုရားတို့အား ၀တ်ပြုမည့်အရာကို ယနေ့ ရွေးကြလော့။ ငါနှင့်ငါ့အိမ်သားဖြစ်လျှင် ထာဝရ ဘုရားကိုသာ ၀တ်ပြုမည်။” ဟု ယောရှုက စံပြပြီး မိန့်ခဲ့သည် (ယောရှု ၂၄း၁၅)။ မျက်မှောက်ခေတ်၌လည်း ယောရှုခေတ်နည်းတူ အတွေးအခေါ်အယူအဆ များစွာ ရှိနေပါသည်။ သို့သော် ပညာရှိရှိ လိမ္မာစွာ ရွေးချယ်စရာ မှန်သောဘုရားသခင် တစ်ပါးတည်းသာရှိသည်။ ထာဝရဘုရားသခင်ကိုသာ ကျွန်ုပ်တို့ ၀တ်ပြုအစေခံမည်။ ယောရှုက မှန်သောရွေးချယ်မှုပြုခဲ့သည်။

No comments:

Post a Comment