Friday, January 18, 2013

သင့်ကို လိုအပ်သည်

18.01.2013

အသရေ နည်းဟန်ရှိသော 
အင်္ဂါတို့အားလည်း သာ၍ကြီးသော
အသရေကိုပေး တတ်၏။ (၁ကော၁၂း၂၄)
တီးဝိုင်းခေါင်း
ဆာင်က
သံစုံတီးဝိုင်းကို
အစမ်းလေ့ကျင့်
 ပြင်ဆင်ပေးသည့်
အကြောင်းဇာတ်လမ်းတစ်ပုဒ်ရှိသည်။ အော်ဂင်သံ၊ ဗုံသံ၊ လေမှုတ်တူရိယာသံ၊ တယောသံများမှာ မြိုင်ဆိုင် မြူးကြွ လှသည်။ သို့သော် သစ်သားပုလွေသံ ပျောက်နေကြောင်း တီးဝိုင်းခေါင်းဆောင်က သတိပြု မိလိုက်သည်။ ပုလွေမှုတ်သူက အာရုံများပြီး မိမိ ပုလွေသံ ပျောက်လို့ပျောက်မှန်းမသိ ဖြစ်နေ၏။ တီးဝိုင်းခေါင်းဆောင်က “မင်းတို့အယောက်တိုင်းကို လိုအပ်တယ်” ဟု သူ့ကို သတိပေးလိုက်ရသည်။
ကောရိန်သုရှိ ယုံကြည်သူများထံရေးသော ပထမစာစောင်၌ ရှင်ပေါလု ပေးလိုသောသတင်း စကားနှင့် ဤဖြစ်ရပ်မှာ အခြေခံသဘောခြင်းအတူတူပင် (၁ကော ၁၂း၎ – ၇)။ ခရစ်တော်၏ ခန္ဓာကိုယ်၌ ယုံကြည်သူတိုင်းသည် အရေးကြီးသောအခန်းကဏ္ဍ၌ ပါဝင်နေသည်။ ၀ိညာဉ် ဆုကျေးဇူး တစ်ခုစီကို ရှင်ပေါလုရေးသားဖော်ပြပြီး ၎င်းတို့၏အသုံးဝင်ပုံကို လူ့ခန္ဓာရှိ အင်္ဂါ အစိတ်အပိုင်းအသီးသီး၏ လှုပ်ရှားမှုနှင့် နှိုင်းယှဉ်ပြထားသည် (း၈-၁၀)။ ကောရိန်သုရှိ ယုံကြည်သူများက ယဉ်ကျေးမှု နောက်ခံအမျိုးမျိုး၊ ဆုကျေးဇူးအမျိုးမျိုး၊ ကိုယ်ရည်ကိုယ်သွေး အမျိုးမျိုးတို့ ရှိကြသော်လည်း၊ သူတို့အားလုံးသည် ၀ိညာဉ်တစ်ပါးတည်းဖြင့်သာ ပြည့်ဝ လျက်ရှိပြီး ခရစ်တော်၏ခန္ဓာ တစ်ခုတည်းနှင့်သာ သက်ဆိုင်ကြသည်။ ခန္ဓာအစိတ်အပိုင်း များကို ရှင်ပေါလုက အားနည်းသော၊ မထင်ရှားသောအင်္ဂါ စသည်ဖြင့် ဖော်ပြထားပြီး၊ ယုံကြည်သူအားလုံးသည် လိုအပ်သော၊ အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်နေကြောင်း သွန်သင်ခဲ့သည်။ ပိုအရေးကြီးသော၊ ပိုလိုအပ်သောအင်္ဂါ အစိတ်အပိုင်း ဟူ၍မရှိပေ။
ထို့ကြောင့် အရေးကြီးသောအပိုင်းကို လုပ်ဆောင်တာဝန်ယူရန် သင့်ကို သခင်ယေရှု ပေးအပ်ထားကြောင်း၊ ကိုယ်တော်၏လူတို့ကို တည်ဆောက်ရန် သင့်ကို အသုံးပြုမည်ဖြစ်ကြောင်းကို သတိရပါ။
MarvinWilliams

No comments:

Post a Comment