Thursday, January 17, 2013

ဒုက္ခပြဿနာ

17.01.2013                                                                     

( ယော ၁၆း၃၃)သင်တို့သည်  လောက၌  ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ် ကြနှင့်။ ငါသည် လောကကိုအောင်ပြီ...။

နှစ်တစ်နှစ် ကုန်ဆုံးတော့မည်။ နောက်ဆုံး နေ့ရက်တို့ နီးကပ်လာ၍ ကျွန်မ၀မ်းမြောက်မိသည်။ နှစ်ဟောင်း၌ ကြေကွဲမှုများ၊ နာမကျန်းဖြစ်မှု၊ ၀မ်းနည်းဖွယ်ရာများနှင့် ပြည့်နေခြင်းကြောင့် ဇန်န၀ါရီလကို ကြိုဆိုရန် အသင့်ပါ။
သို့သော် နှစ်သစ်၏ ပထမဆုံးလ ရောက်ရှိ လာသည်နှင့်အမျှ ၀မ်းနည်းဖွယ် သတင်းများကို တစ်ခုပြီး တစ်ခုကြားရပြန်သည်။ မိတ်ဆွေအတော် များများ၏ မိဘများ ကွယ်လွန်သွားသည်။ ကျွန်မ၏ ဦးလေးမှာ အိပ်ပျော်ရင်းပင် ကွယ်လွန်သွားသည်။ မိတ်ဆွေများ၌ ကင်ဆာရောဂါစွဲကပ်နေကြောင်း စစ်ဆေးသိရှိကြရသည်။ လုပ်ဖော်ကိုင်ဖက်တစ်ဦး၏ ညီနှင့် မိတ်ဆွေတစ်ဦး၏သားမှာမူ ကြေကွဲဖွယ် ရုတ်တရက်သေဆုံးခဲ့ပြန်သည်။ ကြေကွဲဝမ်းနည်းဖွယ်သတင်းတို့ ရပ်တန့်ပြီးဆုံးသွားမည့် အစား ကြေကွဲမှုလှိုင်းလုံးကြီးကို နှစ်သစ်က ဆောင်ယူလာပုံရသည်။
“သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်”ဟု(ယော ၁၆း ၃၃)၌ ဖော်ပြထားသည်။ ဘုရားသားသမီးများကိုပင် ဘ၀ချောမွေ့အဆင်ပြေမည်။ ဥစ္စာပစ္စည်း ကြွယ်ဝလုံလောက်မည်။ ကျန်းမာရေးကောင်းမည် စသည်ဖြင့် အာမမခံပါ။ သည့်တိုင် ဒုက္ခပြဿနာထဲ၌ ကျွန်မတို့ဘယ်ခါမှ တစ်ဦးတည်းရှိမနေပါ။ ရေနက်ရာအရပ်သို့ ဖြတ်သွား ရစဉ် ဘုရားသခင်က ကျွန်မတို့နှင့်အတူရှိကြောင်း ဟေရှာယ(၄၃း၂)က သတိပေး အမှတ်ရ စေသည်။ စစ်ကြောစုံစမ်းမှုခံရစဉ် ဘုရားသခင်၏အကြံအစည်ကို ကျွန်မတို့အမြဲ နားမလည် ငြားလည်း ဘုရားသခင်ကိုသိကျွမ်းသောကြောင့် ကိုယ်တော်ကို ယုံကြည်စိတ်ချနိုင်ပါ၏။
ကျွန်ုပ်တို့၏ ဘုရားသခင်သည် မေတ္တာတော် အလွန်ကြွယ်ဝသော ဘုရားဖြစ်ပြီး “သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ … မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သော အရာဖြစ်စေ … အဘယ်နိမ္မိတအရာမျှသည် ငါတို့သခင်ယေရှုခရစ်အားဖြင့်ခံရသော ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ပါ” (ရော ၈း ၃၈-၃၉)။ ဒုက္ခပြဿနာ ကြုံလာသောအခါ သခင်၏ အတူရှိခြင်းက သခင်၏ ကတိတော်ပင်ဖြစ်ပေ၏။ — Cindy Hess Kasper

No comments:

Post a Comment