Monday, January 14, 2013

ဘုရားသခင် ကျွန်ုပ်ကိုပိုချစ်သည်

14.01.2013
ဖတ်ရန်: ယောဘ 12း 1 -18
ဆင်းရဲဒုက္ခမခံရသူတို့သည် ငါ့အား ပြောင် လှောင်ကြ သည်။ ခြေချော်သူကို လဲအောင် တွန်းကြ၏။(ခေတ်သုံး) ယော ၁၂း ၅
စီးပွားရေးကြပ်တည်းကပ်ဆိုက်ခဲ့စဉ်က ခရစ်ယာန်ညီအစ်ကိုချင်း၏ အလုပ်လက်မဲ့ပြဿနာ ကိုဖြေ ရှင်းပေးရန် ထောက်မပေးမည့်အဖွဲ့ကို ကျွန်ုပ် ဖွဲ့စည်းခဲ့ပြီး ကိုယ်ရေးရာဇ၀င် အချက်အလက်များ ကို ပြန်သုံးသပ်ပေးသည်။ လုပ်ငန်းအချင်းချင်း ချိတ် ဆက်ပေးသည်။ ဆုတောင်းပေးသည်။ ပြဿနာက လူတစ်ဦးဦးသည် အလုပ်ရသွားလျှင် ကျန်လူများ ကို အားပေးစကားပြောရန် အဖွဲ့သို့ လှည့်ပြန်မလာ သည်က များသည်။ ထိုကြောင့် အဖွဲ့၌ ကျန်ခဲ့သည့် လူများ၏အထီးကျန်မှု၊ စွန့်ခွာခံရသည့် ခံစားရမှုများ တိုးပွားလာသည်။
သို့သော် အလုပ်မပြုတ်ဖူးသူများ၏ ဝေဖန် သုံးသပ်ချက်များက ပို၍ခံရခက်သည်။ ၎င်းတို့သည် ယောဘ ဝေဒနာဆင်းရဲခံရစဉ်သူ့ကို ပြစ်တင်စွပ်စွဲသော ယောဘ၏မိတ်ဆွေများကို ထင်ဟပ်ပြနေသည်။ “သင်သည် မဆိုင်းမလင့် သန့်ရှင်းဖြောင့် မတ်သော သဘောနှင့် ဘုရားသခင်ကိုရှာ၍ အနန္တတန်ခိုးရှင် အား တောင်းပန်လျှင်….ကိုယ်တော်သည်ထပြီးလျှင် သင်၏ဖြောင့်မတ်သောနေ ရာကို ကောင်းစား စေတော်မူမည်” (၈း၅-၆) ဟု ဆိုခဲ့သည်။ အခန်းကြီး (၁၂) မှ ယောဘ၏ စကားများကို ယနေ့ခေတ် အလုပ်သမားများ နားလည်နိုင်လိမ့်မည်။ ဘ၀အဆင်ပြေပြီး ဆင်းရဲဒုက္ခမခံရ သူတို့၏ မထီမဲ့မြင်ပြုခြင်းခံရသကဲ့သို့ သူခံစားမိကြောင်း ပြောခဲ့သည်။
အရာရာ၌ မိမိအဆင်ပြေနေလျှင်၊ အခက်ပြဿနာမရှိခြင်းကြောင့် မိမိသည် ရုန်းကန်နေရသူများထက် ပိုကောင်းခြင်းကြောင့် (သို့) ဘုရားသခင်က ကျွန်ုပ်တို့ကို သူတို့ထက် ပိုချစ်ခြင်းကြောင့် ဟု တွေးကောင်းတွေးမိမည်။ လောကကြီး၏ ယိုယွင်းပျက်စီးမှု ဂယက်ကြောင့် လက်လွတ်စပယ်ဖြစ်ချင်ရာဖြစ်တတ်ကြောင်းကို ကျွန်ုပ်တို့မေ့နေတတ်သည်။
အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ ကျွန်ုပ်တို့အားလုံးကို ဘုရားသခင်က ချစ်မြတ်နိုးပြီး ကျွန်ုပ်တို့အားလုံးကလည်း သူ့ကိုလိုအပ်သည်။ ဘုရားသခင်ပေးသနားသော အောင်မြင်မှု၊ ကြွယ်ဝဖူလုံမှု၊ ရာထူးရာခံများမှာ တစ်ပါးသူတို့လိုအပ်ချိန်၌ ၎င်းတို့ကို အားပေး နှစ်သိမ့်နိုင်အောင် အထောက်အကူပြုသည့် တန်ဆာပလာများ ဖြစ်သည်။ — Randy Kilgore

No comments:

Post a Comment