အလှမ်းဝေးသောနေရာမှ
နှစ်ပေါင်းများစွာ စားဖိုဆောင်၌ အလုပ်လုပ်၊ အိုးခွက် ဒယ်အိုးဒယ်ပြားများဆေးကြော၊ အခြားသော ဘုန်းတော်ကြီးများ၏ ဖိနပ်များကို ချုပ်လုပ်ပြုပြင်ပေးသူ ဘရာသာ လောရင့်စ် ၏ စံနမူနာကို ကျွန်တော်ဆင်ခြင်တွေးတောမိပါသည်။ “တတ်နိုင်သမျှ၊ အချိန်တိုင်း ဘုရားသခင်၏ ရှေ့တော်မှောက်၌ ၀တ်ပြုသူအဖြစ် ကျွန်တော် ကိုယ့်ကိုကိုယ်ထားရှိပါတယ် ကိုယ်တော်ရဲ့ သန့်ရှင်းမြင့်မြတ်သော တည်ရှိနေမှုအပေါ်မှာ အာရုံပြုထားပါတယ်” ဟုသူက ရေးသားခဲ့သည်။
ယင်းသည် ကျွန်တော်တို့ လုပ်ရမည့်အလုပ်လည်းဖြစ်သည်။ သို့သော် ကျွန်ုပ်တို့မှာ မေ့တတ်ပြီး ဘုရားသခင်တည်ရှိကြောင်း မကြာမကြာ သတိပေးမည့်အရာ၊ သတိပေးမှုကို လိုအပ်သည်။ စွန့်လွှတ်အသေခံပြီး ရှင်ပြန်ထမြောက်သည့် ရှင်ယေရှု အစဉ်အမြဲတည်ရှိကြောင်းကို အမှတ်ရစေရန် ကျွန်ုပ်၏ အလုပ်စားပွဲရှိ စင်လေး၌ လက်လုပ်သံမှိုဟောင်းတစ်ချောင်းကို ရိုက်ထည့်ထားပါသည်။ ကျွန်ုပ်၏ တာဝန်မှာ “ထာဝရဘုရားသခင်အား အစဉ်မပြတ် မျက်မှောက်ပြုရန်” သတိရရမည် (ဆာ ၁၆း၈)။ သို့မှသာ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူ “ကပ်ကမ္ဘာကုန်သည်တိုင်အောင်” ရှိနေကြောင်း (မ ၂၈း၂၀)၊ “ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မမူ” ကြောင်းကို (တ ၁၇း၂၇) သိရှိနိုင်မည်။
တစ်နေ့တာလုံး သင်နှင့်အတူရှိမည်ဟု သခင်ကတိပေးခဲ့သည်ကို သတိရပါ။ ကိုယ်တော်အား “မင်္ဂလာနံနက်ခင်းပါ” “ကျေးဇူးတင်ပါတယ်” “ကူပါဦး” “ကိုယ်တော့်ကိုချစ်ပါတယ်” စသည်ဖြင့် စကားပြောပါ။ ထိုကဲ့သို့ သတိရအမှတ်ရခြင်းမှာ ရိုးစင်းလွယ်ကူလှပါသည်။
No comments:
Post a Comment