Saturday, May 26, 2012

ရပ်နေရမလား၊ ဆက်သွားရမလား

May 26, 2012
ထွက်( ၁၄း၅-၂၂)
မောရှေကလည်းမစိုးရိမ်ကြနှင့်။ ငြိမ်ဝပ်စွာရပ်နေကြ။ ထာဝရဘုရားသခင်သည် ယနေ့ပြတော်မူသော  ကယ်တင်ခြင်းကို ကြည့်ရှုကြလော့။ —ထွ ၁၄း၁၃  

ဆာ ၁-၎
ဣသရေလလူတို့ ချောင်ပိတ်မိနေပြီ။ ကျွန်ခံနေရာဘ၀၊ အဲဂုတ္တုပြည်ကို ချန်ရစ်စွန့်ခွာပြီး မကြာမီမှာပင် စိတ်ပျက်စရာမြင်ကွင်းကို တွေ့ခဲ့ရသည်။ သူတို့ဆီသို့ ဦးတည်လာနေသည့် ဖုန်လုံး ကြီးကား အင်အားကြီးစစ်တပ်တစ်တပ် ချီလာနေခြင်းပါ။ ဖာရောဘုရင်၏နှလုံးမာကျောသော “ရောဂါကြီး” ပြန်ထလာပြီး (ထွ ၁၄း၈) မောရှေနှင့် လူမျိုးတော်နောက်သို့ သူ့မြင်းရထားများ စေလွတ်ခဲ့သည်။
ဣသရေလလူတို့ကို အဲဂုတ္တုတပ်ကြီး လိုက်၍မီလျှင် အရာခပ်သိမ်း ဆုံးရှုံးတော့မည်။ အဲဂုတ္တုတပ်နှင့် ပင်လယ်ကြား ဣသရေလလူတို့ ချောင်ပိတ်နေပြီ။ သည်းခြေပျက်လျက် မောရှေ နှင့် ဘုရားသခင်တို့ထံ အော်ဟစ်အကူအညီတောင်းလေ၏။
ဘုရားသခင်နှင့် မောရှေတို့နှစ်ဦးလုံး ညွှန်ကြားချက်ပေးပြီး တုံ့ပြန်ခဲ့သည်။ မောရှေက “ငြိမ်ဝပ်စွာရပ်နေကြ။ ထာဝရဘုရားသခင်သည် ယနေ့ပြတော်မူသော ကယ်တင်ခြင်းကို ကြည့်ရှု ကြလော့”ဟု ပြောသည် (ထွ ၁၄း၁၃)။ ဘုရားသခင်က “တက်သွားကြ”လော့ဟု သူတို့ကို မိန့်ကြား ခဲ့သည် (း၁၅)။ ဆန့်ကျင်ဖက်ဟုထင်ရလည်း မိန့်ကြားချက်နှစ်ခုစလုံးက ဘုရားသခင်ထံမှလာပြီး မှန်သောအကြံဖြစ်သည်။ ပထမဦးစွာ လူမျိုးတော်တို့သည် ဘုရားသခင်ထံတော်မှ ညွှန်ကြားချက် ရရှိမည့် အချိန်အထိ “ငြိမ်ဝပ်စွာ” (သို့) “မြဲမြံစွာရပ်နေ”ရမည်။ ဘုရားသခင်နှင့် မတိုင်ပင်ဘဲ ပင်လယ်နီထဲ မဆင်မခြင်ဆင်းသွားပါက ဘာဖြစ်သွားမည်နည်း။ သို့သော် ငြိမ်ဝပ်စွာရပ်နေခြင်းဖြင့် သူတို့ရှေ့ဆက်တက်သွားရန် မောရှေကလည်း နာခံခြင်းဖြင့်လက်ကို ပင်လယ်အပေါ်ဆန့်တန်းရန် ဘုရားသခင်၏ညွှန်ကြားချက်နှစ်ရပ်ကို ကြားနာခဲ့ရသည်။ ပြီးမှဘုရားသခင်က ပင်လယ်ရေကို နှစ်ခြမ်းခွဲပေးမည်။
အခြေအနေအရပ်ရပ်တို့က သင့်ကိုချောင်ပိတ်ထားပါသလား။ ငြိမ်ဝပ်စွာ ရပ်နေပါ။ ဘုရား သခင်ထံမှ နှုတ်ထွက်စကားတော်ထံမှ အကြံရယူရန် အချိန်ယူပါ။ ထို့နောက် ကိုယ်တော်၏ ညွှန်ကြားချက်ဖြင့် ရှေ့ဆက်သွားပါ။ ဘုရားသခင်အား ဦးဆောင်လမ်းညွှန်ခွင့်ပေးလိုက်ပါ။

No comments:

Post a Comment