Saturday, March 24, 2012


           ဧမောက်လမ်းမအတိုင်း သွားနေသောလူနှစ်ဦးသည် ယေရှုရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဆွေးနွေးနေစဉ် သူတို.အနားချဉ်းကပ်လာသော ယေရှုကို မမှတ်မိဘဲ  အချိန်အတန်ကြာ နေခဲ. တယ်လို.ကျမ်းစာကပြောပါတယ်၊(လု ၂၄း၁၃-၃၁)၊ 
 ယနေ. ထိုနုတ်ကပါတ်တော်အား စဉ်းစားဆင်ခြင် ဖို.ရာ ဖြစ်ပါတယ်။  ကျမ်းတတ်ပုဂ္ဂိုလ်တချို.က  နေဝင်ခါနီးအချိန်ဖြစ်သည်.အတွက် နေရောင်က မျက်စိကို တည်.တည်.စူးနေလို.ဖြစ်တယ်ဆိုပြီးပြောကြတယ်၊တချို.က ယေရှုတန်းခိုးကြောင်.ဖြစ် တယ်၊တချို.က ဝိညာဉ်မျက်စိချုပ်ထားတယ်၊(Spiritual dumpness)ဝိညာဉ်ရေး၇ာ ထုံထိုင်း နေ လို. ဖြစ်တယ်ဆိုပြီး အမျိုးမျိုးပြောကြပါတယ်၊။အောင်ပါအချက် ၃ချက်အားဖြင်.ခွန်အားပေး ဝေမျှလိုပါတယ်။
 
(၁) ကျွန်တော်တို. အနေနဲ. ကိုယ်.အနီးဆုံးမှာရှိတဲ. ယေရျှကိုမမြင်နိုင်အောင် ဘယ်အရာက ချုပ် ကိုင် တားဆီးနေသလဲ၊ကိုယ်က သူ.ကို မသိ၊မမှတ်မိပေမဲ. ကိုယ်.အနားမှာ အချိန်ပြည်. ထာဝရ ဘုရား ရှိနေတယ် ဆိုတာ သတိထားစေချင်တယ်၊ နယ်သာလန်ရဲ. ဧမောက်လမ်းမကြီးလည်း လှပ တင်.တယ်ပြီး လိုချင်တာအကုန်ရနိုင်သည်. ဆိုင်ခန်းတွေ တသီတတန်းရှိနေပါတယ်။ သင်.ဘဝကို လုံ ခြုံမှုပေးသော ခရီးသွားဖေါ် ယေရှုကို မမြင်နိုင်အောင် ထုံထိုင်းစေသော တံတိုင်း ရှိပါက ဖြိုဖျက်ရန် အချိန်တန်ပြီလို. တိုက်တွန်းလိုပါတယ်။                                                          
(၂)ထိုသူနှစ်ဦးက ယေရှုရှင်ပြန်ထမြောက်ခြင်းကို ဆွေးနွေးတယ်လို. ကျမ်းစာကပြောတယ်၊၊ ယနေ. သင်နေထိုင်သောအိမ်တံခါးအပြင်ထွက်စရာမလိုဘဲ တကမ္ဘာလုံးရှိ မိတ်ဆွေတွေနဲ. ဆွေးနွေးပြီး စကားပြောနိုင်တဲ. ခေတ်ကြီးထဲမှာ ဘယ်အရာကိုဆွေးနွေးလေ.ရှိကြသလဲ။ မိတ်ဆွေအချင်းချင်း တွေ.ဆုံသည်.အခါ ဘယ်အကြောင်းကို အဓိကထားဆွေးနွေးကြသလဲ၊၊ အိမ်ထောင်မိသားစုများ အများဆုံးပြောဆိုတဲ.အရာသည် ဘယ်အရာဖြစ်နေသလဲ။ တတိယနိုင်ငံရောက်အောင် ပို.ဆောင် တော်မူသည်. ထာဝရဘုရားကောင်းမြတ်ခြင်းကို ပထမဦးစားပေး(first priority)ထားပြီး ဆွေးနွေး တိုင်ပင်သောသူများ ဖြစ်နိုင်ကြပါစေ၊။                                                              
(၃)ထိုသူနှစ်ဦး ယေရှုမှန်း မသိသေးပေမဲ. ယေရှုအား နေဝင်ချိန်နီးပြီဖြစ်သည်.အတွက် အနားယူ တည်းခိုဖို.ဖိတ်တယ်လို. ပြောပါတယ်။ယေရှုဘုရားသည် ခေါ်ဖိတ်သူအယောက်တိုင်း အား အကြည်.အရှုကြွရုံမက  လိုအပ်သည်.အရာများကို ထပ်ပြီးပေးတော်မူသော မေတ္တာရှင် ဖြစ်တယ်။ ယနေ. ထာဝရဘုရားကို နာမ်ဝိညာဉ်ဖြင်.ကိုးကွယ်ပြီး မြီးစမ်းခေါ်ဖိတ်နိုင်သူများ ဖြစ်ကြပါစေလို. မေတ္တာရှေ.ထားပြီး ဝေမျှလိုက်ပါတယ်.(Danielpa)

No comments:

Post a Comment