Wednesday, February 1, 2012


 အနှိင်းမဲ.   ဘုရားရဲ. လက်ဆောင်မွန်
ရှေ.ခရီးလမ်းမှာ
အောင်မြင်မှုတွေ အလီလီရဖို.့ ခွန်အားတွေကို  တောင်းခဲ့တယ်။
သို.သော်.....
ကိုယ်တော်က နာခံမှုတွေရှိအောင်  ငါ.ကိုခွန်အားနည်းစေခဲ.တယ်။

အချိန်တိုင်းမှာ


ပျော်ရွှင်မှုတွေရနိုင်ဖို့ စည်းစိမ်တွေကို ငါတောင်းခဲ့တယ်။
သို.သော်......
ကိုယ်တော်က ငါ.ကိုသူနဲ့ ပိုပြီးနီးကပ်အောင် ချို့ တဲ့မှုတွေပေးခဲ.တယ်။

နေရာတိုင်းမှာ
လူတွေရဲ့ ချီးမွမ်းခြင်းတွေ ခံနိုင်ဖို. တန်ခိုးတွေကိုတောင်းခဲ့တယ်။
သို.သော်.........
ကိုယ်တော်က သူ့ ကို ထာဝစဉ် အားကိုးလိုစိတ်ရှိအောင်  နှိမ့်ကျစေခဲ.တယ်။

ဘဝတိုင်းမှာ
လူတွေရဲ့ ချစ်ခြင်းမေတ္တာ ရဖို့  ကြိုးစားတောင်းလျှောက်ခဲ့တယ်။
သို.သော်...........
ကိုယ်တော်က သူ့ ရဲ့မေတ္တာတွေ ပိုနားလည်တတ်အောင် ကြေကွဲခြင်းတွေပဲပေးခဲ့တယ်။

အရာရာတိုင်းမှာ
စိတ်ချမ်းသာဖို့  လိုချင်တာအားလုံး တောင်းခဲ့တယ်။
သို.သော်.............
အရာရာတိုင်းမှာ ရောင့်ရဲတတ်ဖို့  ကိုယ်တော်က လိုအင်တပ်မက်စိတ်ကို ချိုးနှိမ်လိုက်တယ်လေ။

အော်.....
နောက်ဆုံးတော့ မျှော်လင့်တောင်းလျှောက်ခဲ.သမျှ လိုချင်တာ ဘာမှမရခဲ့ပါဘူး။
ဒါပေမယ့် လိုအပ်မှုမှန်သမျှ ကိုယ်တော်က အချိန်မီ ပေးလေ့ရှိတယ်။ 

ထို.အတွက်.....ကျေးဇူးတော် ချီးမွမ်းရင်း ဆက်ပြီး ချီးမွမ်းဖို.သာ လိုပါတယ်၊   ။................အာမင်း

No comments:

Post a Comment