ဘုရားသခင်နှင့်
လုံးဝ သက်ဆိုင်သည့် သစ္စာစောင့်ခြင်း စိတ်နှလုံး အကြွင်းမဲ့
ဝတ်ပြုခြင်းတို့ကို အခြားသော လူတစ်ယောက် သို့မဟုတ်
ပစ္စည်းတစ်ခုခုအားဖြင့်
အစားထိုးသည့် ၀ါဒ သို့မဟုတ် ကျင့််စဉ်တို့ကို ဘုရားသခင်သည် လွန်စွာ မုန်းတီးကြောင်း နုတ်ကပတ်တော် က ဖော်ပြထားပြီး ဖြစ်သည် ။
ဤ နေရာ၌ မှော်အတတ် သို့မဟုတ် စာတန်နှင့် ဆိုင်သော အရာတို့နှင့် တစ်နည်းနည်း ဖြင့် ဆက်စပ်သော
သင်ပိုင်ဆိုင်သော
အရာကို ဖယ်ရှားကာ နေထိုင်ရာ နေရာမှ သင် ထွက်ခွာလာခြင်းတို့
ပါဝင်သည် ။ စာအုပ်များ လက်ဖွဲ့ ပစ္စည်းများ ပြုစားခြင်းနှင့်
ဆိုင်ရာ ပစ္စည်းများ ပါဝင်သည် ။
က္ကသရေလ များအား မောရှေ သတိပေးချက်ကို အမှတ်ရပါ ။
စက်ဆုပ်ရွံရှာဘွယ်သောအရာကို သင့်အိမ်ထဲသို့မသွင်းရ။ သွင်းလျှင်၊ သင်သည်
ထိုအရာကဲ့သို့ကျိန်အပ်သောအရာဖြစ်မည်ဟု စိုးရိမ်စရာရှိ၏။ ထိုသို့သောအရာကို သင်သည်
အကြွင်းမဲ့စက်ဆုပ် ရွံရှာရမည်။ ကျိန်အပ်သောအရာပင်ဖြစ်ပေ၏။ ( တရား ၇း ၂၆ )
ထိုသို့သော အရာတို့ကို ထုတ်ပစ်ရန် အကောင်းဆုံးနည်းမှာ မီးရှို့ခြင်း ဖြစ်သည် ။ ဧဖက်မြို့၌ ရှိသော
ခရစ်ယာန်များ အနေနှင့် သူတို့၏ မှော် အတတ်နှင့်
ပတ်သက်သော ကျမ်းစာအုပ်တို့သည် နတ်ဆိုးများ ၏ တန်ခိုးနှင့် ကွင်းဆက် ဖြစ်ကြောင်း သိလာသောအခါ
တုန့်ပြန် သည့်နည်းကို သတိရပါ ။
သူတို့၏ ပုံသက်သေအတိုင်း လိုက်ပါ ။ ဤ အရာကို ချက်ခြင်း ပြုလုပ်ရန် အခြေအနေမပေးပါက အစောနိုင်ဆုံး
နည်းဖြင့် ပြုလုပ်ရန် သင်၌ တာဝန်ရှိကြောင်း ဘုရားသခင် အားဝန်ခံပါ ။
ref ; Derek prince
No comments:
Post a Comment