Monday, January 23, 2012

လောကမှာ ကိုယ်. ဇာတိချက်ကြွေ၊မွေးရပ်မြေထက် နေချင်စဘွယ်ကောင်းသော နေရာမရှိတော.ပါ။
သို.သော်.....ကိုယ်.အတွက် အလုံခြုံဆုံး ရင်ခွင်ဟာ....... ဘယ်ရင်ခွင်လို. သင်ထင်ပါသလဲ?
စိတ်ပျက်ဝမ်းနည်းအားငယ်ချိန်တိုင်းမှာ သင်ဘယ်အရာကို တောင့်တပါသလဲ??
ဘယ်ရင်ခွင်မှာ ခိုဝင်ပါသလဲ? ဘယ်လိုနှစ်သိမ့်ခြင်းမျိုးကို ခံယူသလဲ??
ကျွန်တော်တို့ဟာ လောကီလူသားတွေ ဖြစ်ကြတဲ့အတွက် ဒုက္ခ သုခ မျိုးစုံကို ခံစားကြရမှာ ဖြစ်ပါတယ် ... တစ်ခါတစ်လေ လူသားတစ်ယောက်အနေနဲ့ မျှော်လင့်မထားတဲ့ အခြေအနေဆိုးမျိုးတွေလည်း တွေ့ကြုံရတတ်ပါတယ် ... ကျရှုံးမှုတွေ စွန့်ပယ်ခံရမှုတွေ ငြင်းပယ်ခံရမှုတွေ မိဘမဲ့ခြင်းတွေ အထင်အမြင်သေးခံရမှုတွေ ပြစ်တင်ရှုံ့ချမှုတွေ အထင်လွဲခံရမှုတွေ သေခြင်းတရားတွေ အစာရေဆာ ငတ်ပြတ်မှုတွေ အစရှိသည်ဖြင့်, လောကဓံ တရားအမျိုးမျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့လာချိန်မှာ ဘယ်လိုမျိုး ခွန်အားယူသင့်သလဲ ...
လောကီလူသားမပြောနဲ့ ကယ်တင်ရှင်ခရစ်တော်ကိုယ်တိုင်လည်း လူသားအဖြစ်ခံယူချိန်မှာ ငြင်းပယ်ခြင်းနဲ့ အခြေအနေဆိုးအမျိုးမျိုးကို တွေ့ကြုံခဲ့ပါတယ် ...
ဒီတော့ ကျွန်တော်တို့ လူသားတွေ တွေ့ကြုံရတာ မဆန်းပါဘူးနော် ...
လူသားတိုင်း အနည်းနဲ.အများ ၀မ်းနည်းအားငယ်တတ်ပြီး စိတ်ထိခိုက်လွယ်သူတွေလည်းရှိပါတယ်
အဲဒီလို အချိန်မျိုးမှာ ကျမ်းစာဖတ်ရင်း ဆုတောင်းရင်း ကိုယ်တော်ထံပါးမှာ အပြစ်ဝန်ချတောင်းပန်ရင်း နှစ်သိမ့်မှုနဲ့ ခွန်အားယူပါ... ကိုယ်ဘာတွေ မှားသလဲ ဘာတွေလိုအပ်သလဲ ပြန်လည်ဆင်ခြင်သုံးသပ်ပါ.. ကိုယ်တော်ကို တောင့်တပါတယ် ကိုယ်တော်ရဲ့ ရင်ခွင်မှာ ခိုလှုံပါတယ် ... ကိုယ်တော်ဟာ ကျွန်တော်တို.ကို ပစ်မထားပါဘူး ...
ပျော်ရွှင်ခြင်းနဲ့ စိတ်ဓါတ်တက်ကြွခြင်းတွေကို တဖန်ပြန်လည်ခံစားမှာဖြစ်တယ် ....
မိတ်ဆွေရော ဘယ်လိုထင်လဲ...
ကျွန်တော်တို.အတွက် နားခိုစရာ အလုံခြုံဆုံး ရင်ခွင်ဟာ ကိုယ်တော်ရဲ့ ရင်ခွင်သာ ဖြစ်သင်.ပါတယ် ...
ငါ့ကိုခေါ်လော. ငါထူးမည်။ ကြီးသောအရာ သင်မသိနိုင်အောင် နက်နဲသော အရာတို့ကို ငါပြမည်။
ဆာလံကျမ်း ... ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရသော တောင်ရိုးသို့ ငါမျှော်ကြည့်၏ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသခင်ထံမှ ငါ့ကို မစခြင်း အကြောင်းသည် ပေါ်ထွက်ရ၏။
ဖိလိပ္ပိသြ၀ါဒစာ.... ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင် ခပ်သိမ်းသော အမှုတို့ကို ငါတတ်စွမ်းနိုင်၏။
ဘုရား  သင်နှင်.အတူ အချိန်ပြည်.ရှိပြီး
ဘုရား၏ ကွယ်ကာမစခြင်း %ပြည်.ခံစားနိုင်ပါစေ
                              Praise the LORD......

No comments:

Post a Comment