Monday, January 16, 2012

သင်တို.သည်......လောက၏ အလင်း၊

                                                                                            
                    (သင်တို.သည်......လောက၏ အလင်း၊လောက၏ ဆားဖြစ်သည်ကို သိမှတ်ကြလော.)
ယခုကာလသည် နောက်ဆုံးသောကာလဖြစ်သလို လောကတစ်ခုလုံးသည် ဒုစရိုက် အမှောင်ဖုံးနေသော အချိန်လည်း ဖြစ်သည်။ လောကသားများသည် မှောင်မိုက်၏အကျင့်တည်းဟူသော ယစ်မျိုးသောက်ကျူးခြင်း၊ မတရားသော မေထုန်၌မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းတို့ဖြင့် တစ်ဦးနှင့်တစ်ဦးမေတ္တာတရား၊ အကြင်နာတရား ကင်းမဲ့ကာအသက်ရှင် နေကြသောအချိန်ဖြစ်သည်။ ဘုရားသခင်သည် အလင်းဖြစ်တော်မူသကဲ့သို့ ကျွန်ုပ်တို့အသီးသီး သည်လည်း အလင်း၏သားများ ပီပီ မေတ္တာတရား၏ရှေ ထား ကာမှောင်မိုက်၏ အကျင့်တို့ကိုပယ်၍ ဖြောင့်မတ်ခြင်း သစ္စာစောင့်ခြင်းနှင့်တကွ အသက်ရှင်ကြမည်ဆို ပါက ဒုစရိုက်အမှောင်ဖုံးလျက် ရှိသောလောကကြီးထဲတွင် ဘုရားရှင်၏ ဘုန်းတော် ထင်ရှားကာ မှောင်မိုက်၌ကျင်လည်နေကြသော
လောကီသားများသည် အလင်းတရား၏အကျိုးကို ကျွန်ုပ်တို့ အားဖြင့် သိမြင်လာကာ အလင်း ရှင် ထံတော်သို့ပြောင်းလဲလာမည် ဖြစ်သည်။
 

No comments:

Post a Comment