Sunday, January 15, 2012

(လောတနှင်.အာဗြံလမ်းခွဲခြင်း)
တနှစ်မှာ ၅၂ပတ်ရှိသည်.အနက် ၂ပတ်တော. ကျော်လွန်ခဲ့ပြီ၊ ကျန်သည်. ၅၀ပတ်အတွင်း  ဘုရားသခင်နဲ့ ဘယ်လို မိတ်သဟာယဖွဲ. စကားပြောဖို. ဆုံးဖြတ် ထားပါသလဲ၊ပြန်လည်သုံးသပ် ဖို. အချိန်ရှိပါသေးတယ်၊ ဘာ ဘဲ ဖြစ်ဖြစ် တနေ.ကိုအနည်း ဆုံး တနာရီလောက်တော. အချိန်ပေးသင်.တယ် ၊
    
ဘုရားသခင်ကအာဗြံကို“သင်၏နိုင်ငံ၊အမျိုးနှင့်ဖခင်၏ အိမ်တို့ကို စွန့်ခွါ၍ငါပြလတံ့သောအရပ်ဒေသသို့ ထွက်ခွါလော့၊ သင့်ကိုလူမျိုးအပေါင်းတို့၏ ဖခင်ကြီး ဖြစ်စေမည်” (ကမ္ဘာ ၁၂း၁-၂) 
                      
အာဗြံအနေဖြင်. သွား သင်./မသွားသင်. ကိုယ်ပိုင်ရွေး ချယ်ခွင်. ဘုရားသခင်က ပေးထားတယ်၊ (ဧဒင်ဥယျဉ်၌ရှိသမျှ အသီးကို စားခွင်.ရှိ၏၊ ထိုအသီးကိုမစားရ။ကမ္ဘာ ၃း ၁၆)ဟုမိန်.တော်မူသည်. သဘောသည်လည်း အမိန်.အာဏာ (Command)သဘော မဟုတ်ဘဲ (Demand) တောင်းဆိုမှု၊ မစားစေချင်သည်.သဘောဖြင်. မိန်.တော် မူခြင်းဖြစ်သည်၊ဘုရားသခင်သည်လူသားကို စတင်ဖန်ဆင်း ကတည်းက ဘယ်တော.မှ အတင်းအကြပ် ခိုင်းလေ.မရှိပါ၊ ကိုယ်ပိုင် ရွေးချယ်ခွင်. အပြည်.အဝပေးထားပါတယ်၊ အာဗြံနည်းတူ  ကျွန်တော်တို.လည်း ယခု လက်ရှိ သန်.ရှင်းသောဝိညာဉ်တော်ကို စိတ်နာစေသည်. အရာ၊ဘုရားစိတ်တော်နှင်. မတေ.ွနိုင်သည်. အသိုင်းဝိုင်း၊မသန်.ရှင်းသည်.ပတ်ဝန်းကျင်မှ အပြီးအပိုင် ထွက်ခွါ  ခြင်းသည်ကောင်းချီးမင်္ဂလာ၏ သော.ချက်ဖြစ်ပါသည်။   

အာဗြံသည်လည်း လောတနှင်.အတူရှိနေသရွေ. ဘုရားသခင်က ဘယ်လိုမှ ကောင်း ချီးပေး၍ မရပါ၊လောတနှင်.လမ်းခွဲမှ ဘုရားသခင်က စတင်စကားပြောပြီး ကောင်းချီးပေး ခဲ.တယ်၊ ယနေ.ကျွန်တော်တို.အား နေ.တဓူဝ စိုးမိုးနေသော ဘုရားအလိုတော် နှင်. ဖီလာဆန်.ကျင်သည်. ကျွန်တော်တို.၏ လောတဟာ ဘာလဲ??၊ ထိုအရာအားလုံးကို စွန်.လွှတ်ပြီး  ကောင်းချီးမင်္ဂလာကြွယ်ဝစွာပေးဘို. ဘုရားသခင်ခေါ်သံကို နားရှိသူအယောက်တိုင်းကြားနိုင်ပါစေ(Amen)
  
(Ngun Sang)      
                     
(စာရေးပြီးချိန် .........နံက်2:00နာရီ၊တနင်းင်္ဂနွေ-2012/01/15)

No comments:

Post a Comment