Tuesday, January 8, 2013



အားလုံး ငြိမ်းချမ်းခြင်း(Shalom)နဲ.အတူ ပျော်ရွှင်ခြင်းရှိကြပါစေ။
၂၀၁၃မှာ ဘာတွေလုပ်မယ်ဆိုတာ သင်.ဦးနှောက်မှာ စိတ်ကူးလိုက်တာနဲ.  “ i can” ငါလုပ်နိုင်မယ် ဆိုတာရယ်၊ ငါလုပ်နိုင်မှာ မဟုတ်ဘူး “I can’t ”ဆိုတာ တပြိုင်တည်းဝင်လာမယ်၊
 
ကိုယ်.ကိုယ်ကိုလျော.မတွက်ပါနဲ. ဘုရားသခင်က သင်.ကို အလားလာရှိသောသူ၊
တတ်နိုင်သောသူ a very unit way အဖြစ် ထည်.တွက်ဖန်ဆင်းထားတာဖြစ်တယ်၊
(ဖိ ၄း၁၃)ငါ.ကိုခွန်အားနဲ. ပြည်.စုံစေတော်မူသော ခရစ်တော်အားဖြင်.
 ခတ်သိမ်းသော အရာတို.ကို ငါတတ်စွမ်း နိုင်တယ် လို.ဟစ်ကြွေးလိုက်ပါ….

God has designed a full year of new dreams for you, fresh possibilities  and unseen potential.

I want to give you two words that can change the course of your life.

Today, I want you to say this out loud: I can!

You can see your long-standing dream fulfilled. You can overcome that
obstacle. You can climb to new heights. You can realize your destiny.

I’m not talking about bragging in your own abilities, and I’m not
talking about merely a self-help technique. I’m talking about knowing
who you are in Christ and trusting what He says in His Word is true.

Phi 4:13 says: I can do all things through Christ who strengthens me.

As a child of the Most High God, “I can” is your promise. As a
believer in Christ, you have the Spirit of the Living God inside of
you. There is an “I can” in your future!

When the Apostle Paul wrote, I can do all things through Christ who
strengthens me, he wasn’t in a church or a fancy cathedral. He wrote
one of the boldest, most encouraging promises in Scripture from a jail
cell.

Paul chose to declare, “Through Christ, yes, I can.”

The same is true for you today. The obstacles that are in your life,
the things you think you can’t do, are just new opportunities for God
to display His power in you.

What “I can’t” will you turn into an “I CAN!” in 2013?

Remember, through Christ and the strength, courage and confidence He
gives you, you can accomplish anything.

အပြစ်သားများ သွားသောနေရာ

08.01.2013
ဖတ်ရန်: ရော ၅း ၆ - ၁၅
ငါတို့သည်အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည်ငါတို့ အတွက်ကြောင့် အသေခံတော်မူသည် ဖြစ်၍ဘုရားသခင်သည်ငါတို့ကိုအဘယ်မျှ လောက် ချစ်တော်မူသည်ကိုငါတို့အားထင်ရှားစွာပြတော်မူ၏။ ရော ၅း ၈

ကျွန်တော့် မိတ်ဆွေနှင့် ယုံကြည်ခြင်း အကြောင်းဆွေးနွေး၍ မကောင်းသော ခရစ်ယာန် တစ်ယောက်တို့ စကားပြောနေကြသည်။ ဘုရား တရားကိုင်းရှိုင်းသူ ပုံဖမ်းနေပါက သူသက်သေ ခံနိုင်မည့် အခွင့်အရေး ထိခိုက်နိုင်ကြောင်းကျွန်တော့် သူငယ်ချင်းကသိနှင့်သည်။ သို့နှင့် စကားပြောနေရင်း “ဟေ့ ဘော၊့ အပြစ်သားတွေဘယ်ကိုသွားလဲဆိုတာ သိလား?” ဟု မေးလိုက်ရာ၊ ဘော့က“ဒါလေးများ၊ အပြစ်သားတွေ ငရဲကိုသွားတယ်လို့ပြောမလို့လား” “မဟုတ်ဘူး။ သူတို့ ဘုရားကျောင်းကိုသွားတာပါ” ဟု ကျွန်တော့်သူငယ်ချင်းက ပြန်ဖြေခဲ့သည်။
`ဘော့’ နှုတ်ဆိတ်သွားသည်။ ဤ အဖြေက သူမျှော်လင့်ထားသော အဖြေမဟုတ်ပါ။ သူသည် ပြီးပြည်စုံသူမဟုတ်၊ သူ့အကြောင်း သိနေသူတစ်ဦး၏ စကားကိုနားထောင်ရန် သူအဆင်သင့် မဖြစ်သေးပါ။ ကျွန်တော့် မိတ်ဆွေက ခရစ်ယာန်များသည် မိမိအားနည်းချက်အပြစ်ကိုသိပြီး ၀ိညာဉ်ရေးရာအတွက် ပြန်လည်တည်ဆောက်ရန် မပြတ်လိုအပ်ကြောင်း နားလည်ကြသည်ဟု ပြောပြသည်။ မိမိတို့ အပြစ်များကို မမှတ်ဘဲ တဖက်သတ် မျက်နှာသာပေးသည့် ဘုရားသခင်၏ ကျေးဇူးတော် အကြောင်းကို သူဝေငှခွင့် ရခဲ့သည်။
အကယ်၍ ဘုရားကျောင်းအပြင်ဖက်မှ လူများကို ဘုရားကျောင်းအတွင်း ဘာဖြစ်နေသည်ကို ၎င်းတို့ မြင်သာအောင် မရှင်းပြနိုင်ခဲ့သော် “သားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကို” (ကော ၁း ၁၄) ဘုရားကျောင်း၌ ချီးမွမ်းနေကြောင်း ၎င်းတို့ နားလည်မည်မဟုတ်ပါ။
အပြစ်သားများ ဘုရားကျောင်းသို့ အမှန်သွားကြပါသည်။ အပြစ်လွှတ်ခြင်းအခွင့် ခံစားရသည့် အပြစ်သားများမှာမူ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကောင်းကင်နိုင်ငံသို့ သွားပါသည်။ — Dave Branon

သင်နှင့်အဘယ်သို့ဆိုင်သနည်း

06.01.2013
ဖတ်ရန်: ယော ၂၁း ၁၅ -၂၂
သင်သည် အဘယ်သို့ ဆိုင်သနည်း။ သင် မူကား ငါ့နောက်သို့ လိုက်လော့။ယော ၂၁း ၂၂

ကလေးကွာယာသီချင်းဆိုပွဲကို သွားကြည့် လျှင် ကလေးများက သူ့ဆရာမကလွဲပြီး အခြား နေရာကို လျှောက်ကြည့်နေသည်ကိုတွေ့ရမည်။ ၎င်းသည် အဆန်းမဟုတ်ပါ။ ကလေးများ တစ်ယောက်နှင့် တစ်ယောက် တွန့်လိမ်၊ လူးလိမ့်ပြီး ထိုးကြ စကြသည်။ ခြေဖျားထောက်ပြီး ပရိသတ် ကြားမှ သူတို့၏မိဘများကို လိုက်ရှာကြသည်။ မိဘများကိုတွေ့လျှင် လက်မြှောက်ရမ်းပြကြသည်။ သီချင်းဆိုစဉ် သူတို့၏ ဟာသလုပ်ရပ်၊ လွဲချော်မှုများ ကို ကျွန်မတို့ ရယ်ပြုံးကြသည်။ ကလေးသဘာဝ အပြုအမူများက ချစ်ဖို့ကောင်းပါသည်။ လူငယ်များ ကွာယာဆိုချိန်၌ ရှေ့မှဦးဆောင်သူကို မကြည့်လျှင် ချစ်ဖို့မကောင်းတော့ပါ။ ကောင်းမွန်သည့် သီချင်းတစ်ပုဒ်ဖြစ်လာရေး သီဆိုသူများက ဦးဆောင်ညွှန်ကြားနေသူ၌ အဘယ်မျှအာရုံစိုက်သည်ဆိုသည့် အချက်အပေါ် မူတည်နေ သည်။ သို့မှသာ သီချင်းဆိုချိန်တွင် ညီညွတ်မျှတမှု ရှိလိမ့်မည်။
တစ်ခါတစ်ရံ ခရစ်ယာန်များသည် ကလေးကွာယာ၌ သီချင်းဝင်ဆိုနေသူများနှင့် တူသည်။ ဘ၀သံစုံတီးဝိုင်း၏ အကောင်းဆုံးဂီတမှူး ဘုရားသခင်ကို ကြည့်နေ၊ အာရုံပြုရမည့် အစား အချင်းချင်းကိုသော်၎င်း၊ ပရိသတ်ကိုသော်၎င်း ကြည့်နေသည်။ ထိုသို့ ပြုမူနေသည့် ရှင်ပေတရုကို သခင်ယေရှုက သတိပေးဆုံးမရာ၊ ပေတရုက ယောဟန်ကို လက်ညှိုးထိုးပြီး “သူရောဘယ်လိုလဲ?” ဟုမေးလိုက်ရာ ၊ သခင်ယေရှုက “သင်သည်အဘယ်သို့ဆိုင်သနည်း။ သင်မူကား ငါ့နောက်သို့ လိုက်လော့” ဟူ၍ ပြန်ဖြေကြားခဲ့တယ် (ယော ၂၁း ၂၂)။
တစ်ခါတစ်ရံကျွန်မတို့သည် သူတစ်ပါး၏ လုပ်ဆောင်မှုကိုကြည့်ပြီး မိမိလုပ်ရမည့် အရာ၌ အာရုံစိုက်မှု လျော့သွားသည်။ အခြားသူတို့ အသက်တာအတွက် ဘုရား၏အကြံ အစည် သည် မိမိအသက်တာအတွက်အကြံအစည်ထက် ပိုကောင်းသည်ဟုတွေးမိကြသည်။ သို့ငြားလည်း ကျွန်မတို့တစ်ယောက်ချင်းစီအတွက် ဘုရား၏အကြံအစည်မှာ အတူတူပင် ဖြစ်သည်။ ကျွန်မတို့အားလုံးသူ့နောက်လိုက်ရန်ပင်ဖြစ်သည်။ ကျွန်မတို့ ဘုရားသခင်အပေါ် အာရုံစူးစိုက်ထားပါလျှင် မည်သည့်အရာကမှ ဘုရားသခင်၏အကြံအစည် သွေဖည်အောင်၊ အာရုံလွင့်ပါးအောင်မလုပ်နိုင်ပါ။ — Julie Ackerman Link

ခေတ္တနားချိန်

05.01.2013
ထိုသူတို့သည် သခင်ဘုရားဝတ်ကိုပြု၍ ...  အစာရှောင်၍ ပဌနာပြုလျက်၊ ထိုသူတို့ခေါင်းပေါ်မှာလက်ကိုတင်၍ လွှတ်လိုက် ကြ၏။    တ ၁၃း ၃
ဘာစီလိုနားမြို့ မြောက်ဘက်မှ (၂)နာရီ ခရီးအကွာတွင်ရှိသည့် ‘အဲလ်ဘူလီ’ ဆိုသည့် စားသောက်ဆိုင်သည် အဘယ်မျှ နာမည်ကြီးသည် ဆိုလျှင်(၆)လမျှ ကြို၍နေရာယူရသည်။သို့ငြား လည်း စပိန်စားဖိုမှူး ‘ဖာရန် အဒြီယယ်’က အောင်မြင်ကျော်ကြားနေသည့် ဆိုင်ကြီးကို(၂) နှစ်ပိတ်ပြီး၊ သူနှင့်သူ့ ၀န်ထမ်းများ စဉ်းစားကြံဆ တီထွင်ပြီး အချိန်ယူ အစီအစဉ်ဆွဲရန်ဆုံးဖြတ်ခဲ့ သည်။ ‘အဒြီယယ်’ က ‘ဟမ်စဖီးယား’ မဂ္ဂဇင်း တွင် “တကယ်လို့ဆုတွေ အကုန်လုံးရရှိခဲ့မယ် ဆိုရင်လည်း ဘာပြောင်းစရာလိုလဲ? ဒါပေမဲ့ တစ်နေ့ (၁၅) နာရီလောက် အလုပ် လုပ်နေရလို့ တီထွင်ဖန်တီးဖို့ ကျွန်တော်တို့အတွက် အချိန်က မရှိသလောက်ပဲလေ” ဟုပြောခဲ့သည်။ အောင်မြင်မှု လမ်းခုလတ် ရောက်ချိန်တွင် သူတို့အတွက် အရေးကြီးဆုံးဖြစ်သည့် အရာအတွက် ခေတ္တ အနားယူ ရပ်တန့်ခဲ့သည်။
အန္တိအုတ်ရှိ ပထမရာစုနှစ် အသင်းတော်၌ “လူအပေါင်းတို့သည် ယုံကြည်၍ သခင်ဘုရားထံသို့ ပြောင်းလဲကြပြီး” အရှိန်အဟုန်နှင့် ကြီးထွားလာသည်။ ရလဒ်အားဖြင့် ဗာနဗနှင့်ရှောလုတို့ လာရောက်၍ ယုံကြည်သူအသစ်များကို သွန်သင်ပေးရသည်။ အလုပ် မည်မျှပင် ရှုပ်နေပါစေ ၎င်းတို့သည် ဘုရားသခင်၏မျက်နှာတော်ကို ဆုတောင်းခြင်း၊ အစာရှောင်ခြင်းအားဖြင့် ရှာဖွေခဲ့ကြသည်။ ဤနည်းအားဖြင့် အာရှဒေသသို့ ဧ၀ံဂေလိတရား ဆောင်ကြဉ်းရမည့် အကြံအစည်ကို ဘုရားသခင်က သူတို့အား ဖော်ပြခဲ့သည်။
စဉ်းစားအစီအစဉ်ရေးဆွဲရန် လူအနည်းငယ်ကသာ အလုပ်မှ (၂)နှစ် ခွင့်ယူနိုင် လိမ့်မည်။ သို့သော် လူတိုင်းသည် မိမိအချိန်ဇယား၌ ဆုတောင်းခြင်းအချိန်ကို ထည့်ပြီး ဘုရားသခင်၏မျက်နှာတော်ကို ရှာဖွေနိုင်သည်။ ကျွန်ုပ်တို့၏နှလုံးသားနှင့် အတွေးများကို ဘုရားသခင်ထံ ဖွင့်ဟလိုက်ချိန်တွင် သူ့ကို ဂုဏ်ပြုချီးမြှောက်မည့်အသက်တာ၏ ခြေလှမ်း နှင့် အစေခံခြင်းအတွက် ကိုယ်တော်က သစ္စာရှိစွာဖြင့် ဖွင့်ပြလိမ့်မည်။ —David McCasland

အခြားသူများနှင့်သင့်မြတ်ခြင်း

03.01.2013
ဖတ်ရန်: ဖိ ၂း ၁- ၁၁
(သင်တို့သည် အချင်းချင်းချစ်ကြ၍ စိတ်မကွဲ ပြားဘဲ၊ တစ်လုံးတစ်ဝတည်း  ကြံစည်ခြင်း နှင့်တကွ သဘောတညီတညွတ်တည်း ရှိသောအားဖြင့် ငါဝမ်းမြောက်စရာအကြောင်း ကို စုံလင်စေကြလော့။)       
အများအားဖြင့် လူများနှင့်အတူအချိန်ယူ၊ အတူနေရခြင်းကို ကျွန်တော် သဘောကျသည်။ မိမိနှစ်သက်သူနှင့်အတူရှိနေချိန်တွင် နှလုံးသား၌ ပြောမပြနိုင်လောက်သည့် ပျော်ရွှင်မှုများပဲ့တင်ထပ် နေသည်။ သို့သော် မိမိအနားမှာ အမြဲတမ်း ရှိစေချင် သူများနှင့် အမြဲမရှိနေနိုင်ပါ။ အချို့က လူအများနှင့် ရောနှောရသည်ကို စိတ်အနှောင့်အယှက်ဖြစ်သည်။ တစ်စုံတစ်ယောက်က “လူတွေအကြောင်း သိလာ တာနဲ့အမျှ၊ ငါ့ခွေးလေးကို ပိုချစ်လာတယ်”ဟုပြော သည်။ ပေါင်းသင်းဆက်ဆံရေးကို မကျေနပ်၊ အားမရသောအခါ အခြားသူများအပေါ် အပြစ်ဖို့ ဆင်ခြေပေးပြီး မိမိနှစ်သက်သူများထံမှ ရှောင်ဖည် ခွဲထွက်သည်။ တမန်တော် ရှင်ပေါလုက ခရစ်တော် ၌ ညီအစ်ကိုချင်းချစ်ရန် တောင်းဆိုသည်။ ကျွန်ုပ်တို့ အားလုံးကို တစ်လုံးတစ်ဝတည်းရှိရန်၊ သူ့အမှုအရာကိုရှုမှတ်ရန်၊ ယေရှုခရစ်တော်၌ ရှိသော ထိုစိတ်သဘောထားကို ကျွန်ုပ်တို့၌လည်းရှိရန် ပြောကြားသည်။
စဉ်းစားကြည့်ပါ။ သခင်ယေရှုက သူ၏ကိုယ်ပိုင်အခွင့်အာဏာနှင့် အခွင့်အရေး များကို စွန့်လွှတ်ပြီး ကျွန်ုပ်တို့အတွက်ပေးဆပ်ခဲ့သည်။ အစေခံရန် ရွေးချယ်ခဲ့သည်။ သူ၏ အမြင့်မြတ်ဆုံး ပေးလှူစွန့်လွှတ်ပူဇော်မှုအားဖြင့် သူနှင့်ကျွန်ုပ်တို့ကြား ပျော်ရွှင်ကြည်နူးမှု ပြည့်သော ရင်းနှီးဆက်ဆံရေးကို ဆောင်ကြဉ်းပေးခဲ့သည်။ ကျွန်ုပ်တို့၏ အပြစ်များရှိလျက်ပင် သူပေးဆပ်ခဲ့ခြင်းဖြစ်သည် (ရော ၅း ၈)။
ထို့ကြောင့် နောက်တစ်ကြိမ် သင်နှင့်အဆင်မပြေသူနှင့် အတူတွဲရမည်ဆိုလျှင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို လက်ဆင့်ကမ်းသွားနိုင်အောင် နည်းလမ်းပေးရန် သခင် ယေရှုထံမှ အကူအညီတောင်းပါ။ အချိန်အတိုင်းအတာတစ်ခုတွင် လူများအပေါ်ထားသည့် သင့်အမြင်များကို ဘုရားသခင်ပြောင်းလဲပေးနိုင်ကြောင်းကို တအံ့တဩ သင်တွေ့မြင်လာ ရလိမ့်မည်။ — Joe Stowell

ကောင်းစားသောဘဝ

01.01.2013
အကျွန်ုပ်မူကား   ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်၍ အကျိုးရှိပါ၏။    ဆာ ၇၃း ၂၈
လှပမှု၊ချမ်းသာကြွယ်ဝမှု၊ တန်ခိုးအာဏာ၊ ချစ်ခြင်းမေတ္တာ၊ အိမ်ထောင်ပြုခြင်း၊ စိတ်ကျေနပ် ပျော်ရွှင်စရာများသည် ကောင်းသောအရာများ ဖြစ် သည်။ သို့သော် အကောင်းဆုံးတော့ မဟုတ်ပါ။ ဘုရားသခင်ကိုချစ်ခြင်း၊ မေတ္တာတော်ကို သိမှတ်ပြီး ဘုရားသခင်ကို ချီးမြှောက်ခြင်း၊ သူ့ကို မိမိ၏ ဘ၀တစ်သက်တာ မိတ်ဆွေဖြစ်စေခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ ထို့သိုပြုလျှင် စိတ်ကျေနပ် မှုနှင့် ၀မ်းမြောက်မှုကို လက်ငင်းခံစားရခြင်းကြောင့် အသက်တာအတွက် အကောင်းဆုံးဘ၀ကို ရရှိရန် လမ်းကြောင်းသို့ ဦးတည်သွားသည်။ ခရစ်ယာန်များ အနေဖြင့်တစ်ဘ၀လုံး ထိုသို့ပြုရမည်ပင်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် အချိန်ပေးပြီး သင်နှင့်ကျွန်ုပ်ကို ဖြစ်တည်စေသော ချစ်ခြင်းမေတ္တာ၌ တည်နေရပါမည်။ ၎င်းသည် ကျွန်ုပ်တို့ ဖြစ်တည်နေ ရသည့် အဓိကအကြောင်းရင်းနှင့် ဘ၀ကို အကောင်းဆုံး အသုံးချနိုင်မည့်နည်းလည်းဖြစ်သည်။
(ဆာ ၇၃း ၂၈) တွင် “အကျွန်ုပ်မူကား ဘုရားသခင့် ထံတော်သို့ ချဉ်းကပ်၍ အကျိုးရှိပါ၏။ အမှုတော်ရှိသမျှတို့ကို ကြားပြောခြင်းအလိုငှါ အရှင်ထာဝရဘုရား၌ ခိုလှုံလျက် နေပါ၏” ဟူသော ဆာလံဆရာ၏ ရေးသားချက်ကို ကျွန်ုပ်နှစ်သက်သည်။ တစ်နည်း အားဖြင့် ကောင်းစားသော အသက်တာဟူသည် မည်သူမျှမချစ်နိုင်သည့် ချစ်ခြင်းမျိုးနှင့် ကျွန်ုပ်တို့ကိုချစ်သူ ကိုယ်တော်ထံ ချဉ်းကပ်ခြင်းဖြစ်သည်။
သို့ဆိုလျှင် သူ့ထံမည်သို့ ချဉ်းကပ်ကြမည်နည်း? အောက်ပါနည်းလမ်းလေးက ကျွန်ုပ်နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သော နည်းဖြစ်ပါသည်။ မဿဲ၊ မာကု၊ လုကာ၊ ယောဟန် စသည့် ခရစ်ဝင်ကျမ်းလေးစောင်ကို နံနက်တိုင်း မိနစ်အနည်းငယ်အချိန်ယူပြီး ဖတ်ပါ။ ထို့နောက် ယေရှုဘာပြောခဲ့သည်၊ ဘာလုပ်ခဲ့သည်ကို ရေးမှတ်ထားပါ။ အဆုံးတွင် ဘုရားသခင်သည် သူ့ကိုယ်သူ ထင်ရှားဖော်ပြပါလိမ့်မည်။ မိမိကိုယ်ကို အဖြစ်အပျက်ထဲတွင် ပါဝင်နေသူ အဖြစ်မှတ်ယူပါ။ (ဥပမာ-မဿဲ ၁း ၄၀ – ၄၅) မှ ကရုဏာလက်တော် ဆန့်ပြီး သခင် ဝေဒနာပျောက်ကင်းပေးခဲ့သော နူနာသည်အဖြစ် ခံစားကြည့်ပါ။ သင့်ကို သခင် အဘယ်မျှလောက် ချစ်သည်ကို စဉ်းစားပြီး သူ့ကို ကျေးဇူးတင်လိုက်ပါ။ — David Roper

Saturday, December 1, 2012

ခရစ္စမတ်အဓိပ္ပါယ်နှင့်အနှစ်သာ၇ 

Rev. Saw Kay

စာဖတ်သူမိတ်ဆွေ-- ချမ်းမြေ့ ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် မေတ္တာပို့သလိုက်ပါသည်။
အေးမြသာယာ (SWEET DECEMBER) ခရစ္စမတ်ချိန်ခါ သမယတွင် မိတ်ဆွေအား ထာဝရမေတ္တာဖြင့် ချစ်တော်မူသော ပုဂ္ဂိုလ်တစ်ဦးနှင့် မိတ်ဆွေပေးလိုပါသည်။ ထိုပုဂ္ဂိုလ်သည် မိတ်ဆွေ၏ထိုင်ခြင်းထခြင်း အရာရာတို့ကို သိတော်မူ၏။ မိတ်ဆွေ၏ အကြံအစည်တို့ကို အဝေးကပင် နားလည်တော်မူ၏။ မိတ်ဆွေ၏ သွားရာလမ်းကို၎င်း၊
အိပ်ယာကိုလည်း၎င်း၊ စစ်ဆေး၍ မိတ်ဆွေ၏ ကျင့်သော အကျင့်အလုံးစုံတို့ကို ထိုပုဂ္ဂိုလ်သည် အကြွင်းမဲ့သိတော်မူ၏။ ထို့ကြောင့် မိတ်ဆွေ၏ အားနည်းချက်၊ ဒုက္ခပြဿနာများကို ဖြေရှင်းပေးရန် ဤလောကသို့ ကြွလာခဲ့ခြင်းဖြစ်သည်။

သို့သော် ကျွန်ုပ်တို့၏ လောဘ၊ ဒေါသ၊ မောဟတည်း ဟူသော ဒုစရိုက်အမှောက် ထုဖြင့်ဖုံးလွှမ်းနေသောကြောင့် ထိုပုဂ္ဂိုလ်နှင့် ကျွန်ုပ်တို့ မတွေ့နိုင်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၌ အပြစ်တရားရှိနေသောကြောင့်ဖြစ်သည်။


အပြစ်တရား


“အနာသိလျှင် ဆေးရှိသည်” ဟူသော မြန်မာဆိုရိုးစကားရှိခဲ့သည်။ သို့ရာတွင် အနာသိသော်လည်း ဆေးမရှိသော (AIDS) ရောဂါအကြောင်းကို မိတ်ဆွေလည်း သိပြီးဖြစ်ပါလိမ့်မည်။ ယနေ့ကမ္ဘာပေါ်တွင်ကြောက်စရာ အကောင်းဆုံးသော ရောဂါသည် (AIDS) ရောဂါပင်ဖြစ်သည်။ ၎င်းရောဂါပိုး၏ ကူးစက်ပြန့်ပွားခြင်းကို၎င်း၊ လူသားတို့သည် တွေ့ရှိကြသော်လည်း ကုစရာဆေးမရှိ၊ မျှော်လင့်ချက်မရှိ၊ ထိုရောဂါ ဝေဒနာရှင်များအတွက် ဧကန်အမှန်သေ၇မည်ဟုသာ သိရှိရလေသည်။ (AIDS) ရောဂါ ဝေဒနာရှင်၏ ကိုယ်မှ ထွက်သော အရည်များ၊ မျက်ရည်များ၊ နို့ရည်များမှ ၎င်းသွေးသွန်းခြင်း၊ ကိုယ်ဝန်ဆောင်မိခင် မှတဆင့်အပြစ်မဲ့သော ရင်သွေးငယ် သို့၎င်း၊ အခြားသောသူများထံသို့ ကူးစက်နိုင်သည်ဟု သိ၇ပါသည်။


ချစ်သောမိတ်ဆွေ (AIDS) ရောဂါထက်ကြောက်မက်ဘွယ်ကောင်းသော ရောဂါသည် မိတ်ဆွေ၏ အထဲ၌ ရှိနေကြောင်း သိပါသလား (AIDS) ရောဂါသည် လူ၏ ခန္ဓာကိုသာ ဖျက်ဆီးနိုင်သည်။ ကျွန်ုပ်တို့၏ နာမ်ဝိညာဉ်မူကား မဖျက်ဆီးနိုင်၊ သို့သော် မိတ်ဆွေ အထဲရှိနေသော ထိုရောဂါသည် မိတ်ဆွေ၏ ခန္ဓာ၊ စိတ်၊ ၀ိညာဉ် သုံးပါးစလုံးကို ထာဝရ ငရဲမီး၌ ဖျက်ဆီးနိုင်သည်။ ထိုရောဂါမှာ မွေးကတည်းက ပါလာသော အပြစ်တရားပင်ဖြစ်သည်။ ကျမ်းစာလာသည်မှာ အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက် ရှိပါ၏ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်တွင် အပြစ် စွဲပါ၏။ (ဆာလံ ၅၁း၅)။ ထိုအပြစ်သည် ကာယကံ၊ ၀စီကံ၊ မနောကံ၊ စသည့် ကံသုံးပါးအားဖြင့် ကျူးလွန်သော ဒုစရိုက်မဟုတ်ပဲ၊ မိဘ၊ ဘိုးဘွား၊ ဘီဘင်မှ ဆင်းသက်ပါလာသော မွေးရာပါ အပြစ်ဖြစ်ပါသည်။ (AIDS) ရောဂါပိုးများပါလာသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဘာအပြစ်မျှ မကျူးလွန်ပဲ၊ မိဘများ၏ အပြစ်ကြောင့် အပြစ်သားများဖြစ်လာရပါသည်။ ဤသို့ဖြစ်လာရခြင်း အကြောင်းမှာ “ငခုံးမတကောင်ကြောင့် တလှေလုံးပုပ်သည်” ဟူသော စကားပုံနှင့် အညီ အပြစ်တရားသည် တယောက်သောသူအာဒံအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်း တရားဝင်သည်နှင့် အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတို့ ရောက်ရကြ၏ (ရောမ ၅း၁၂)။


ချစ်သောမိတ်ဆွေ မြန်မာ စကားပုံ၌ သစ်ပင်မှန်လျှင် အမြစ်ရှိ၏၊ လူမှန်လျှင် အချစ်ရှိ၏ ဟူသော စကားကိုကြားဘူးပေလိမ့်မည်။ ထိုစကားကို ကျွန်ုပ်တို့ထပ်ဖြည့်လို သည်မှာ “လူမှန်လျှင် အပြစ်ရှိ၏” ဟူ၍ ဖြစ်ပါသည်။ ဥပမာ- ကြက်ဖသည် တွန်သော ကြောင့် ကြက်ဖဖြစ်၇ခြင်းမဟုတ်ပဲ၊ ကြက်ဖဖြစ်နေသောကြောင့်တွန်နေခြင်းသာ ဖြစ်သည်။


ထို့အတူလူသည် အပြစ်လုပ်သောကြောင့် အပြစ်သားဖြစ်ရခြင်းမဟုတ် အပြစ်သားဖြစ်သောကြောင့် အပြစ်လုပ်နေခြင်းဖြစ်သည်။ ကြက်ဖတွန်သည်ဖြစ်စေ၊ မတွန်သည်ဖြစ်စေ၊ ကြက်ဖသာဖြစ်သည်။ ထို့အတူလူသည်အပြစ်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ အပြစ်သားသာ ဖြစ်သည်။ ကျမ်းစာလာသည်ကား လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။ (ရောမ ၅း၁၂)။ ထို့ကြောင့် လူတို့သည် ကိုယ့်အပြစ်ကို မဖုံးနိုင်ရာ (ရောမ ၁း၂၀)။ အပြစ်တရား၏ အခကားသေခြင်းပေတည်း (ရောမ ၆း၂၃) ဟူသောကျမ်းချက်နှင့် အညီအပြစ်ရှိသော ကျွန်ုပ်တို့၏ လမ်းဆုံးသည် အိုနာသေသောအခါ ခန္ဓာကိုယ်သည် မြေမှုန့်မှလာသော ကြောင့်မြေမှုန့်သို့ ပြန်သွားရသော်လည်း အပြစ်ရှိသော နာမ်ဝိညာဉ်မူကား အပါယ် ငရဲ သို့ ဧကန်အမှန် လားရမည် ဖြစ်သည်။ ထို့ကြောင့် အပြစ်ရောဂါ သည် ယခုဘ၀သာမက နောင်ဘ၀ကိုပါ ဖျက်ဆီးနိုင်သောကြောင့် (AIDS) ရောဂါ ထက်သာ၍ ကြောက်စရာကောင်း ပေသည်။ ဤအပြစ်တရားမှ အဘယ်သူသည် ကယ်လွတ်နိုင်မည်နည်း။


ပညတ်တရား။


ပညတ်တရားဆိုသည်မှာ ပညတ်ကိုချပေးသော ဘုရားသခင်၏ အလေ့အလာအမူအကျင့်သာ ဖြစ်သည်။ ဥပမာ- ကျွန်ုပ်တို့လူသားများ အနေဖြင့် မွေးရာပါသဘောဝအကျင့်များရှိကြသည်။ အသက်ရှုခြင်း၊ မျက်စိမှိတ်ခြင်းတို့သည် မွေးရာပါ အကျင့်အကြံ များသာ ဖြစ်သည်။ ထို့ကြောင့်ကြိုးစား၍ အသက်ရှုရန်မလို၊ အားထုတ်၍၊ မျက်စိမှိတ်ရန်မလို၊ ထိုအရာတို့သည် ကျွန်ုပ်တို့၏ အကျင့်များကို ပညတ်ကြသည် မဟုတ်၊ ဥပမာ- ထမင်းစာဖို့မမေ့နှင့်၊ ညအိပ်သောအခါ မျက်စိမှိတ်ပါ ဟူသော ပညတ်များမရှိ။


ထို့ကြောင့် ပညတ်ဆိုသည်မှာ သန့်ရှင်းမြှင့်မြတ် လှသော ဘုရားသခင်၏ အကျင့်ဖြစ်သောကြောင့် အပြစ်ရှိသော လူသား များအနေဖြင့် စည်းလုံးညီညွတ်ခြင်း၊ တစ်ကောင်နှင့် တစ်ကောင် ၀ိုင်းဝန်းကူညီခြင်း များ ရှိကြ၏။ သို့သော်ကျွန်ုပ်တို့လူသားများမူကား စည်းလုံးညီညွတ်ခြင်း၊ တယောက်ဝိုင်းဝန်းကူညီခြင်းများ အစဉ်မရှိကြ။ သို့ဖြစ်လျှင် ကျွန်ုပ်တို့ထက် အဆင့်နိမ့်သော တိရိစ္ဆာန်၏ အကျင့် ကို တောင်တူအောင်မကျင့်နိုင်သော ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ထက်သာ၍ မြှင့်မားသော ဘုရားသခင်၏ အကျင့်ကို အဘယ်သို့ ကျင့်နိုင်မည်နည်း။ ကျမ်းစာလာသည်ကား သင်တို့၏ အကျင့်နှင့် မတူ၊ မိုးကောင်းကင်သည် မြေကြီးထက်သာ၍ မြင့်သကဲ့သို့ ငါ၏အကျင့်သည် သင်တို့၏ အကျင့်၎င်း၊ ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်ထက်၎င်း သာ၍မြင့်၏ (ဟေရှာယ ၅၅း၈-၉) ဟူ၍သာ ထာဝရဘုရား မိန့်တော်မူသည်။


သမ္မာကျမ်းစာ၌ ပညတ်စုစုပေါင်း (၆၁၃) ခုရှိသည်။ ဘုရားသခင်၏ အနေဖြင့် ထိုပညတ်များကို ဘုရားသခင်နည်းတူစုံလင်စွာ ကျင့်နိုင်ရန်လုံးဝ မဖြစ်နိုင်။ ကျမ်းစာ၌ မိမိညိအစ်ကို ကိုမုန်းသောသူမည်သည်ကား လူ့အသတ်ကို သတ်သောသူဖြစ်၏ (၁ယော ၃း၁၅) လူအသက်ကို ကာယကံမြောက် မသတ်သော်လည်း မနောကံအားဖြင့် သူတပါးကို မုန်းလျှင် ဘုရားသခင်ရှေ့တော်၌လူ့အသက်သတ်ခြင်းပင်ဖြစ်သည်။ သူမယားကို ကိုယ်ထိလက်ရောက်မပြစ်မှာသော်လည်း ကိလေသာစိတ်နှင့် သူ့မယားကို ကြည့် ရှုသောသူသည် စိတ်နှလုံးထဲ၌ မိန်းမနှင့် ပြစ်မှားပြီး (မဿဲ ၅း၂၇-၂၈)။ ထိုကြောင့် မိတ်ဆွေအနေဖြင့် ဤမျှလောက်ခက်ခဲသော ပညတ်များကို စုံလင်စွာ ကျင့်နိုင်ပါမည်လော။ ကျမ်းစာတချက်၌လာသည်ကား ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစုံတခု၌မှားမိလျှင် ပညတ်တရားအလုံးစုံကို လွန်ကျူးသောအပြစ်ရှိ၏။ (ယာကုပ် ၂း၁၀)။ ဥပမာ-ဆယ်တန်းဖြေဆိုရာ၌ ခြောက်ဘာသာရှိသည့်အနက် (၅) ဘာသာဂုဏ်ထူးထွက်သော်လည်း တစ်ဘာသာ၌ကျလျှင် ထိုသူသည် စာမေးပွဲကျမည်သာ ဖြစ်သည်။ ထိုနည်းတူစွာမိတ်ဆွေသည် ပညတ်တရားအလုံးစုံကို ကျင့်ကြံ အားထုတ်နေသော်လည်း တစုံတခု၌ မှားမိလျှင် အပါယ်ငရဲသို့ သာလားရပေမည်။


တချို့ က “ကောင်းတာလုပ်ရင်ကောင်းရာရောက်မည်၊ မကောင်းတာလုပ်ရင် မကောင်းသည့် နေရာရောက်မည်” ဟူ၍ ပြောတတ်ကြသည်။ မိတ်ဆွေအနေဖြင့် ကာယကံ၊ ၀စီကံ၊ မနောကံ၊ ကံသုံးပါးအားဖြင့်နေ့စဉ်ကျူးလွန်နေသော ကောင်းတာနှင့် မကောင်းတာ၊ ကုသိုလ်နှင့် အကုသိုလ်ဘယ်အရာကများမည်နည်း။ မြန်မာစကားပုံ၌ ကုသိုလ်ကပဲ ငရဲတပိဿာဟူသော စကားကိုမိတ်ဆွေ မမေ့သင့်ပါ။ မိတ်ဆွေအနေဖြင့် ဤလောကမှထွက်ခွာသော တနေ့တွင်အတိတ်ကပြုလုပ်ခဲ့သော ကုသိုလ်နှင့် အကုသိုလ်၊ကုသိုလ်တပဲလောက်ပြုလုပ်နေချိန်တွင် အကုသိုလ်က တပိဿာလောက်ရှိနေပါမူ မိတ်ဆွေသေသောအခါ ဘယ်နေရာသို့ရောက်မည်နည်း။ ကောင်းတာလုပ်ရင်ကောင်းရာရောက်မည်၊ မကောင်းတာလုပ်ရင် မကောင်းသည့်နေရာရောက်မည်ဟူသော စကားအတိုင်းမှန်ခဲ့လျှင် မကောင်းသော အရာကုသိုလ်များနေသော ကျွန်ုပ်တို့လူသားများသည် အပါယ်ငရဲတို့ ဧကန်အမှန်လား၇မည်မဟုတ်ပါလော။


တနည်းအားဖြင့် ပညတ်တရားဆိုသည်မှာ ဓာတ်မှန်နှင့် တူပေသည်။ ဓာတ်မှန်သည် ရောဂါကို ဖော်ပြနိုင်သော်လည်း ရောဂါကို ကုသမပေးနိုင်ပါ။ ထိုအတူ ပညတ်တရားသည် အပြစ်ရှိကြောင်းကို ဖော်ပြနိုင်သော်လည်း အပြစ်ရောဂါကို မကုသပေးနိုင်ပါ။ ဓာတ်မှန်အားဖြင့် ရောဂါရှိကြောင်းကို သိလျှင်ဆရာဝန်ထံသို့သွားရောကိကုသတကဲ့သို့ အပြင်ရောဂါရှိကြောင်းကို ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ ပညတ်တရားသည်ခရစ်တော်ထံသို့ ငါတို့ကို ပို့ဆောင်၍ ငါတို့၏ အထိန်းဖြစ်သတည်း။ (ဂလာတိ ၃း၂၄)။ ထိုအရှင်သည် မိတ်ဆွေ၏ အပြစ်ကို မည်ကဲ့သို့ ကုသပေးခဲ့ပြီဖြစ်ကြောင်းဆက်လက်တင်ပြလိုပါသည်။


ကျေးဇူးတရား။


ကျေးဇူးတရာဆိုသည်မှာ လုပ်၍ရသော အခမဟုတ်၊ ပုဂ္ဂိုလ်တဦး တယောက်၏ အဖိုးအခပေး၍လုပ်ပေးလိုက်သောမေတ္တာလက်ဆောင် ဖြစ်သည်။ ကျေးဇူးတရား၌ မိမိ၏ကုသိုလ်ကောင်းမှု ကိုယ်ကျင့်တရားများလုံးဝမပါ။ တချို့ က ကိုယ်ကျင့်မှကိုယ်ရ သည် ဟု ပြောတတ်ကြသည်။ မှန်ပါသည်၊ ကိုယ်ကျင့်မှကိုယ်ရသော အရာသည် ကျေးဇူးတရားမဟုတ်၊ ကိုယ်ကျင့်တရားသာဖြစ်သည်။ တချို့ က ကိုယ်လုပ်မှ ကိုယ်စားရသည်ဟု ဆိုတတ်ကြသည်။ မှန်ပါသည်၊ ကိုယ်လုပ်မှ ကိုယ်စားရသည်လည်းရှိသည်။ သို့သော် ထိုအရာသည် ကျေးဇူးတရားမဟုတ်၊ မိမိလုပ်အားခသာ ဖြစ်သည်။ ဤလောကမှာ လုပ်မှစားရသောအခါ ရှိသကဲ့သို့ ဘာမျှမလုပ်ပဲ စားရစောအခါလည်း ရှိကြောင်း မိတ်ဆွေသတိရပါ။ (ဥပမာ) မိတ်ဆွေ ငယ်စဉ် ကလေးဘ၀အရွယ်မှာ ဘာမျှမလုပ်နိုင်သော်လည်း စားရသည်မဟုတ်ပါလော။ ထိုအရာသည် မိဘ၏ ကျေးဇူးတရားပင်ဖြစ် သည်။ မိတ်ဆွေ ဖျားနာ၍ တုံးလုံးနေသောအခါ ဘာမျှမလုပ်နိုင်သော်လည်း စားရသည်မဟုတ်ပါလော။ အဘယ့်ကြောင့်ဆိုသော် ထိုအရာသည် မိဘဆွေမျိုးများ၏ ကျေးဇူးတရားပင် ဖြစ်သည်။


ထိုနည်းတူစွာ ကုသိုလ်အားဖြင့်၎င်း၊ ကိုယ်ကျင့်တရားအားဖြင့်၎င်း၊ အပါယ်ငရဲမှ မလွှတ်နိုင်သော အပြစ်သားများအား ကျေးဇူးပြုသော ဘုရားသင်တစ်ဆူရှိသည်။


“လှေမျှောလျှင် လှေနှင့်လိုက် ငွေမျှောလျှင်ငွေနှင့် လိုက်” ဟူသော ဆိုရှိးစကားနှင့် အညီ အပါယ်ငရဲသို့ မျှောနေသော အပြစ်သားတို့ကို ချစ်တော်မူသောကျေးဇူးရှင် ဘုရားသခင်သည် သားတော် ယေရှုခရစ်ကို ဤလောကသို့ စေလွှတ်လျှက် လိုက်လာကယ်တင်စေခဲ့သည်။ မှန်ပေသည်၊ ထိုအရှင် ယေရှုသည် ဤလောကသို့ အမှန်တကယ်ကြံလာခဲ့သည်မှာ ယခုဆိုလျှင် ၂၀၁၀ ခုနှစ်၊ ရှိနေပြီ ဖြစ်သည်။ ထိုသက္ကရာဇ်ကို ခရစ်သက္ကရာဇ် (AD) ဟူ၍ ကျွန်ုပ်တို့ခေါ်ဆိုသည်။


(AD) ၏အရှည် ကောက်မှာ လက်တင်ဘာသာလို (AnnoDomini) ဖြစ်၍ အဓိပ္ပါယ်မှာ အင်္ဂလိပ်လို (The Year of Our Lord) ဖြစ်ပြီး၊ မြန်မာလို ကျွန်ုပ်တို့၏ အရှင်ဘုရားသခင်၏ နှစ်ဟုဆိုလိုသည်။ ထိုအရှင်သည် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ခန့်က ဘုရားသခင်စင်စစ်မှ လူ့ဇာတိခံလျှက် အပျို ကညာ “မာရိ” ၀မ်းထဲ၌ သန့်ရှင်းသော ၀ိညာဉ်တော် အားဖြင့် ပဋိသန္ဓေစွဲယူ၍ ဖွားမြင်ခဲ့သည်။ ကျမ်းစာ၌ လာသည်ကား ကြည့်ရှုလော သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောင်္ကျားကို ဖွားမြင်လတံ့၊ ထိုသားကို ဧမာနွေလ အမည်ဖြင့်မှည့်ရကြလတံ္တ့ ဟုလာသတည်း။ ဧမာနွေလအနက်ကား ငါတို့နှင့် အတူရှိတော်မူသော ဘုရားသခင်ဟုဆိုလိုသတည်း။ ဤပဋိသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ဖြစ်၏ သားယောင်္ကျားကို ဖွားမြင်လိမ့်မည်၊ ထိုသားသည် မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်မည်ဖြစ်သောကြောင့် ယေရှုဟုသော အမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆိုတော်မူ၏။ (မဿဲ ၁း၂၁-၂၃)။ ကျမ်းစာအချက်၌လာသည်ကား ယေရှုခရစ်သည် အပြစ်ရှိသော သူတို့ကို ကယ်တင်ခြင်း ငှာ ဤလောကသို့ကြွလာတော်မူသည်ဟူသောစကားသည် ဥစ္စာစကားဖြစ်၏။ အကြွင်းမဲ့ ခံယူအပ်သော စကားလည်း ဖြစ်၍ (၁တိ ၁း၁၅)။ ထိုအရှင်ယေရှုသည် ဤလောကသို့ကြွလာသည်သာ လောကီသားအပေါင်းတို့၏ အပြစ်အခတည်းဟူသော သေခြင်းကို လက်ဝါးကားတိုင်အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အားထင်ရှားစွာပြတော်မူ၏ (ရောမ ၅း၈)။ တဖန် ကျမ်းစာ၌ လာသည်မှာ ဘုရားသခင်၏ သားတော်ယေရှုခရစ်၏ အသွေးတော်သည် ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။ (၁ယော ၁း၇)။


ကျွန်ုပ်တို့သည် အထက်က ဘုရားသခင်၏ ရန်သူဖြစ်ကြ၏။ ယခုမှာ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် ငါတို့၏ ရန်ငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာရဖွဲ့စေတော်မူ၏ (၂ကော ၅း၁၈) CHRISTMAS ဆိုသည်မှာ CHRIST ခရစ်တော်ဘုရားဖြစ်ပြီး MAS ဆိုသည်မှာ ပြန်လည်ပေါင်းစည်း ခြင်းဖြစ်ပါသည်။ အဓိပ္ပါယ်မှာ ခရစ်တော်ဘုရားသည် အထက်ကရန်သူဖြစ်ခဲ့သော ဘုရားသခင်နှင့် အပြစ်သားများကို ပြန်လည်ပေါင်းစည်းပေးခြင်းဖြစ်သည်။


ယေရှုသည် ငါတို့အပြစ်ကြောင့်အသေခံသည်သာမက သေပြီးသုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ခဲ့သည်။ အဘယ်သူမျှမအောင်နိုင်သော သေခြင်းမစ္စုမာန်ကို အောင်မြင်ခဲ့သည်။ ကျမ်းစာ၌လာသည်ကား ခရစ်တော်သည် ကျမ်းစာလာသည့်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။ သဂြိုဟ်ပြီးမှ ကျမ်းစာလာသည့်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏ (၁ကော ၁၅း၃-၄)။ ထိုအရှင်သည် ယနေ့အသက်ရှင်လျှက် မိတ်ဆွေ၏ ဘာသာတရားအား ဖြင့်ကျင့်ကြံအားထုတ်၍ မလွှတ်ကင်းနိုင်သော သံသရာဝဋ်ဆင်းရဲ့ခြင်းမှ လွှတ်ပေးပိုင်သော ဘု၇ားသခင်၏သားတော်ဖြစ်သည်။ ထိုကြောင့် မိတ်ဆွေသည် တိုအရှင်ယေရှုကို မိမိကယ်တင်ရှင် အဖြစ်ယုံကြည်လက်ခံပါက ယနေ့ပင်လျှင် အပါယ်ငရဲမှ ဧကန်အမှန်လွတ်ခြင်းရလိမ့်မည်။ ငါတို့၏ အပြစ်ရောဂါကိုကုသပေးနိုင်သော အရှင်သည် တိုအရှင်ယေရှုခရစ်ပင်ဖြစ်ပေသည်။ မြန်မာစကားပုံ၌ ဘုရားတောင်မှအမှီ မရှိလျှင်မပွင့်နိုင်ဟူသော စကားရှိသည်။ ဤစကားမှန်ခဲ့လျှင် ကျွန်ုပ်တို့အပြစ်သားများအနေဖြင့် ကောင်းရာသုခသို့ ရောက်နိုင်ရန်အမှီသဟဲ တကယ်လိုအပ်ပါသည်။ အရှင်ယေရှုက ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏၊ အသက်လည်းဖြစ်၏။ ငါကိုအမှီမပြုလျှင် အဘယ်သူမျှ ကောင်းရာသို့ မရောက်ရ (ယော ၁၄း၆)။


မြန်မာစကားပုံ၌ “လှံထမ်းတာကို မြင်နိုင်သည်၊ ကံထမ်းတာကို မမြင်နိုင်” ဟုသောစကားရှိခဲ့သည် ဆိုလိုသည်မှာ လှံသည် ရုပ်ပိုင်းဖြစ်သောကြောင့် မြင်နိုင်သည်။ လူ့မျက်စီဖြင့် မြင်နိုင်သောဏ္ဍအတွက် လူသည် အချင်းချင်းဖေးမကူညီနိုင်သည်။ (ဥပမာ) မိမိမနိုင်သော ၀န်ထုတ် တခုကို မိမိထက်အားကြီး သော သူက၊ ကူညီ၍ ထမ်းပေးနိုင်သည်။ သို့သော်မမြင်နိုင်သော အကုသိုလ်ကံကိုမူ ပုထုဇဉ်လူသားအချင်းချင်း ကူညီဖေးမပေး၍ မရ၊ ဤအကုသိုလ်ကံနှင့် ပတ်သက်၍ အရှင်ယေရှုက လူသားချင်း တစ်ဦးနှင့်တစ်ဦး လမ်းပြလျှင် နှစ်ဦးတို့သည် တွင်းထဲသို့ ကျကြလိမ့်မည်ဟု မိန့်တော်မူခဲ့သည်။ (မဿဲ ၁၅း၁၄) အဓိပ္ပါယ်မှာ အကုသိုလ်ရှိသော အပြစ်သားအချင်းချင်းကောင်းရာသို့ ပို့ပေး၍ မရ။ လမ်းပြခဲ့လျှင် နှစ်ဦး စလုံးသည် အပါယ်ငရဲသို့အတူအကွကျလိမ့်မည်ဟု ဆိုလိုသတည်း။ သို့သော် အရှင်ယေရှု၌ အကုသိုလ်ကံမရှိ၊ ထိုကြောင့်အုထုဇဉ်လူသားများထမ်း၍ မ၇သော အကုသိုလ်ကံကို အရှင်ယေရှုသည် ထမ်းပေး၍ရသည်။ ကျမ်းစာ၌ဖော်ပြထားသည်မှာ ကိုယ်တော် (အရှင်ယေရှု) သည် ငါတို့၏ အပြစ်များကို ဆောင်သွားခြင်းငှာ ထင်ရှားပေါ်ထွန်းတော်မူသည်ကို သင်တို့သိကြ၏။ ကိုယ်တော်(အရှင်ယေရှု) ၌လည်း အပြစ်မရှိ (၁ယော ၃း၅)။


ကျမ်းစာတချက်၍ အရှင်ယေရှုက ၀န်လေး၍ ပင်ပန်းသော သူအပေါင်းသို့ ငါထံသို့လော့၊ ငါသည်ချမ်းသာပေးမည်ဟု ဖိတ်ခေါ်လျှက်ရှိပါသည်။ (မဿဲ ၁၁း၂၈)။ ထိုကြောင့် သန့်ရှင်းသော ၀ိညာဉ်တော်မိန့်တော်မူသည်ကား၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ် တော်အသံကို ကြားလျှက်ရှိသည်ဖြစ်၍ ခိုင်မာသောစိတ်နှလုံးမရှိကြနှင့် ဟု ကျမ်းစာ၌ သတိပေးထားပါသည်။ (ဟေဗြဲ ၃း၇)။


ထို့ကြောင့် မိတ်ဆွေ၏ အပြစ်ကို လွှတ်ပေးပိုင်သော သခင်သည် အရှင်ယေရှုတပါးတည်းသာဖြစ်ကြောင်း မိတ်ဆက်ပေးလိုပါသည်။ ထိုသခင်ယေရှု၏နာမမှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှကောင်းကင်အောက် လူတို့တွင်မပေါ်မရှိ။


ထို့ကြောင့်ချစ်သော မိတ်ဆွေယခုတွင်ဆုံးဖြတ်ပါ။ နက်ဖန်နေ့ကို အမှီပြု၍ မ၀ါကြွားနှင့်။ တရက်အတွင်းတွင် မဘယ်သို့ဖြစ်လိမ့်မည်ကို မသိနိုင် (သုတံ္တ ၂၇း၁)။ ငါတို့အသက်သည် အဘယ်သို့သော အရာဖြစ်သနည်း။ ခဏတင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အငွေ့ဖြစ်၏ (ယာကုပ် ၄း၁၄)။ သို့ဖြစ်၍ ဆိုးသောကာလမရောက်မှီ ယခုပင် ကယ်တင်ရှင် ယေရှုဘုရားကို မိမိကယ်တင်ရှင် အဖြစ်ယုံကြည်လက်ခံပါ။ ဗျာဒိတ်တော်အချက်ဟူမူကား နှစ်သက်ဘွယ်သော အချိန်၌ သင့်ကို ငါမစပြီဟု လာသည်နှင့် အညီ၊ ယခုပင်နှစ်သက်ဘွယ်သော အချိန်ရှိ၏။ ယခုပင် ကယ်တင်ရာနေ့ရက်ကာလရှိ၏ (၂ကော ၆း၂)။


နက်ဖန်သည် မိတ်ဆွေအတွက် နောက်ကျပေလိမ့်မည်။ အရှင်ယေရှုက ငါသည် တံခါးရှေ့ မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကိုကြား၍ တံခါးကို ဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့် အတူစားသောက်မည်။ သူသည်လည်း ငါနှင့် အတူစားသောက်ရလိမ့်မည် (ဗျာဒိတ် ၃းး၂၀) ဆိုလိုသည်မှာ သခင်ယေရှုသည် မိတ်ဆွေ၏ စိတ်နှလုံးထဲသို့ ၀င်ရောက်ရန် မိတ်ဆွေ၏ ဆန္ဒကိုတောင်းခံလျက်ရှိပါသည်။


နောင်ရေးအတွက် ထာဝရအသက်၎င်း၊ ယခုဘ၀အတွက် အောင်မြင်သော အသက်တာကို၎င်း၊ ပေးလိုပါသည်။ သခင်ယေရှုသည် မိတ်ဆွေကို ချစ်တော်မူသောကြောင့်မိတ်ဆွေနှင့် ထာဝစဉ်အတူ မိတ်သဟာရဖွဲ့လိုပါသည်။ ထို့ကြောင့်အောက်ပါဆုတောင်းချက်အားဖြင့် အရှင်ယေရှုကို မိမိအသက်တာ၌ လက်ခံရန် မေတ္တာဖြင့်တိုက်တွန်းပါသည်။


“ အရှင်ယေရှုဘုရားကိုယ်တော်ကို ကျွန်ုပ်လိုပါ၏။


ကျွန်ုပ်စိတ်နှလုံးတံခါးကို ဖွင့်ပါပြီ။ ကျွန်ုပ်စိတ်နှလုံးထဲသို့ဝင်ရောက်ကိန်းဝပ်တော်မူပါ။


ကိုယ်တော်ကို မိမိကယ်တင်ရှင်အဖြစ်လက်ခံပါပြီ။


ယေရှုနာမ၌ ခေါ်ဖိတ်လက်ခံပါ၏” ( အာမင်)


ယေရှုခရစ်သည် အပြစ်ရှိသော သူတို့သည် ကယ်တင်ခြင်းငှာ၊ဤလောကသို့ကြွလာတော်မူသည် ဟူသောစကားသည် သစ္စာစကားဖြစ်၏။ (၁ တိ ၁း၁၅)။

Saturday, November 3, 2012

စကားတစ်ခွန်းနှင့်သက်သေခံ

04.11.2012
ဖတ်ရန်: ယော ၉း၁-၁၁၊၂၄-၂၅
အကျွန်ုပ်သည် အထက်ကမျက်စိကန်း၍ ယခုမျက်စိမြင်သည့်အကြောင်းတစ်ခုကို အကျွန်ုပ်သိသည်။ — ယော ၉း၂၅

လွန်ခဲ့သည့်(၁၅)နှစ်ကျော်ခန့်က ဒွန်စမစ်၏ နံမည်နှင့်မျက်နှာပုံပါသည့် ကြော်ငြာက နယူးယောက်မြို့တခွင်ရှိ ကော်ဖီဆိုင်များ၊ အ၀တ်လျှော်သည့်ဆိုင်ခန်းများနှင့် စီးပွားရေးလုပ်ငန်းငယ်များတွင် နေရာယူခဲ့သည်။ ကြော်ငြာ၌ “ဒွန်စမစ်က သင့်ကိုဂီတာတီးနည်း သင်ကြားပေးမည်” ဟုဖော်ပြထားသည်။ သို့နှင့်ဒွန်စမစ်ဖြစ်ချင်သည့် ဆန္ဒအတိုင်း သင်တန်းသားများကို လက်မလည်အောင် ဂီတသင်တန်းပို့ချခဲ့ရသည်။ စိတ်ဝင်စား စိတ်အားထက်သန်လွန်းသည့် တပည့်များက သူ့ကြော်ငြာကို အခြားနေရာသစ်များတွင် ကပ်ပေးသည်။ ထိုသို့ပြုခြင်းက “ဆရာဒွန်စမစ် ကျွန်တော့်ကိုဂီတာတီးသင်ပေးတယ်။ သင့်ကိုလည်း သင်ပေးနိုင်ပါတယ်” ဟုပြောနေသည်ပင်။
သမ္မာကျမ်းစာ၏ စာမျက်နှာများတွင် ဘုရားသခင်က မိမိအတွက် ပြုပေးသည့်အရာကို ဖော်ပြသည့် လူတို့အကြောင်းအပြည့်ပါရှိသည်။ ၎င်းတို့အနက်မွေးစကပင် မျက်စိကန်းသူအား အံ့ဩဖွယ်ရာမြင်စေခြင်းအကြောင်းက အထင်အရှားပါ (ယော၊၉း၁-၇)။ သံသယကြီးသည့် ဘာသာရေးခေါင်းဆောင်များက သူ့ကို အထပ်ထပ် စစ်မေးလွန်း၍ နောက်ဆုံးသူက “အကျွန်ုပ်သည် အထက်က မျက်စိကန်း၍ ယခုမျက်စိမြင်သည်အကြောင်းတစ်ခုကို (သာ) သိသည်” (း၂၄)ဟု သာ ဆိုနိုင်တော့သည်။
ခရစ်တော်သင့်အတွက်ဘာပြုပေးသည်။ အခြားသူအတွက် ဘာပြုပေးနိုင်သည်ကို စကားတစ်ခွန်း၊ ၀ါကျတစ်ကြောင်းတည်းဖြင့် ပြောရမည်ဆိုလျှင် သင်ဘာပြောမည်နည်း။ “ယေရှုခရစ် သင့်ကိုအပြစ်မှလွတ်ပြီ။” “သင့်ကိုမျှော်လင့်ခြင်းပေးပြီ။” “သင့်ဝိညာဉ်ကိုကယ်တင်ပြီ” စသည်ဖြင့် ပြောမည်လား။ မိမိ၏အသက်တာကို သခင်ယေရှုပြောင်းလဲပေးပြီဖြစ်သောကြောင့် မိမိအတွက် ပြုပေးသည့်အမှုကို အခြားသူတို့အတွက်လည်း ပြုပေးနိုင်ကြောင်း သခင်၏တန်ခိုးတော်ကို ကျွန်ုပ်တို့ အတည်ပြု အာမခံပေးနိုင်ပါ၏။ “ယခင်ကမမြင်၊ယခုမြင်ပြီ

In All Circumstances

“Give thanks in all circumstances, for this is God’s will for you in Christ Jesus.”
(1 Thessalonians 5:18, NIV)


TODAY’S WORD from Joel Osteen                                                                                                                 

Are you giving thanks in every circumstance? This might seem like a stretch at first, especially when you are going through a season of difficulty. But notice today’s verse doesn’t say to give thanks “for” everything, it says give thanks “in” everything. In other words, no matter what’s going on, find something to be thankful for. Don’t just focus on what’s wrong in your life; focus on what God will do in your life.
When you are thankful, it opens the door for God to move on your behalf. That’s why it says “this is God’s will for you.” He wants you to be close to Him to receive His strength and power by giving thanks. That’s why we should always have the attitude that says, “God, in spite of what’s happened, I choose to be grateful. I may be sick, but Father, thank You for being my healer. Thank you for giving me great friends and family.” Or, “I may be struggling in my marriage, but God, thank You for being my restorer. Thank You for giving me another sunrise.” As you give thanks in everything, you will see God’s hand move mightily on your behalf, and you’ll come out of that difficulty better, stronger and wiser than before.
                                                                                                                                                                         









Sunday, October 28, 2012

အလှမ်းဝေးသောနေရာမှ

လု ၇-၉
လွန်လေသောနှစ်များစွာက ထွက်ရှိသည့် “From a Distance” အမည်ရှိသည့် သီချင်းမှာ လူကြိုက်များလှပြီး ယင်းက စည်းဝါးညီပြီး ငြိမ်းချမ်းလှသည့် လောကကမ္ဘာကြီးကို စိတ်ကူးမြင်ယောင်စေသည်။ “ဘုရားသခင်သည် ကျွန်ုပ်တို့ကို အဝေးမှနေ၍ ကြည့်ရှုနေသည်” ဟု သီချင်းစာစားက ဆိုထားသည်။ အမှန်ပင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကြည့်ရှုနေပါ၏။ သို့သော် အဝေးမှနေ၍မဟုတ်ပါ။ သင်နှင့်အတူ အခန်းတွင်း၌၊ သင့်အရှေ့တည့်တည့်၌ ဘုရားတည်ရှိပါ၏။ မေတ္တာလွှမ်းသော ကရုဏာအကြည့်ဖြင့် သင့်ကို ကြည့်ရှုနေပါသည်။
နှစ်ပေါင်းများစွာ စားဖိုဆောင်၌ အလုပ်လုပ်၊ အိုးခွက် ဒယ်အိုးဒယ်ပြားများဆေးကြော၊ အခြားသော ဘုန်းတော်ကြီးများ၏ ဖိနပ်များကို ချုပ်လုပ်ပြုပြင်ပေးသူ ဘရာသာ လောရင့်စ် ၏ စံနမူနာကို ကျွန်တော်ဆင်ခြင်တွေးတောမိပါသည်။ “တတ်နိုင်သမျှ၊ အချိန်တိုင်း ဘုရားသခင်၏ ရှေ့တော်မှောက်၌ ၀တ်ပြုသူအဖြစ် ကျွန်တော် ကိုယ့်ကိုကိုယ်ထားရှိပါတယ် ကိုယ်တော်ရဲ့ သန့်ရှင်းမြင့်မြတ်သော တည်ရှိနေမှုအပေါ်မှာ အာရုံပြုထားပါတယ်” ဟုသူက ရေးသားခဲ့သည်။
ယင်းသည် ကျွန်တော်တို့ လုပ်ရမည့်အလုပ်လည်းဖြစ်သည်။ သို့သော် ကျွန်ုပ်တို့မှာ မေ့တတ်ပြီး ဘုရားသခင်တည်ရှိကြောင်း မကြာမကြာ သတိပေးမည့်အရာ၊ သတိပေးမှုကို လိုအပ်သည်။ စွန့်လွှတ်အသေခံပြီး ရှင်ပြန်ထမြောက်သည့် ရှင်ယေရှု အစဉ်အမြဲတည်ရှိကြောင်းကို အမှတ်ရစေရန် ကျွန်ုပ်၏ အလုပ်စားပွဲရှိ စင်လေး၌ လက်လုပ်သံမှိုဟောင်းတစ်ချောင်းကို ရိုက်ထည့်ထားပါသည်။ ကျွန်ုပ်၏ တာဝန်မှာ “ထာဝရဘုရားသခင်အား အစဉ်မပြတ် မျက်မှောက်ပြုရန်” သတိရရမည် (ဆာ ၁၆း၈)။ သို့မှသာ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူ “ကပ်ကမ္ဘာကုန်သည်တိုင်အောင်” ရှိနေကြောင်း (မ ၂၈း၂၀)၊ “ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မမူ” ကြောင်းကို (တ ၁၇း၂၇) သိရှိနိုင်မည်။
တစ်နေ့တာလုံး သင်နှင့်အတူရှိမည်ဟု သခင်ကတိပေးခဲ့သည်ကို သတိရပါ။ ကိုယ်တော်အား “မင်္ဂလာနံနက်ခင်းပါ” “ကျေးဇူးတင်ပါတယ်” “ကူပါဦး” “ကိုယ်တော့်ကိုချစ်ပါတယ်” စသည်ဖြင့် စကားပြောပါ။ ထိုကဲ့သို့ သတိရအမှတ်ရခြင်းမှာ ရိုးစင်းလွယ်ကူလှပါသည်။