စကားတစ်ခွန်းနှင့်သက်သေခံ
04.11.2012
ဖတ်ရန်: ယော ၉း၁-၁၁၊၂၄-၂၅
အကျွန်ုပ်သည် အထက်ကမျက်စိကန်း၍ ယခုမျက်စိမြင်သည့်အကြောင်းတစ်ခုကို အကျွန်ုပ်သိသည်။ — ယော ၉း၂၅
သမ္မာကျမ်းစာ၏ စာမျက်နှာများတွင် ဘုရားသခင်က မိမိအတွက် ပြုပေးသည့်အရာကို ဖော်ပြသည့် လူတို့အကြောင်းအပြည့်ပါရှိသည်။ ၎င်းတို့အနက်မွေးစကပင် မျက်စိကန်းသူအား အံ့ဩဖွယ်ရာမြင်စေခြင်းအကြောင်းက အထင်အရှားပါ (ယော၊၉း၁-၇)။ သံသယကြီးသည့် ဘာသာရေးခေါင်းဆောင်များက သူ့ကို အထပ်ထပ် စစ်မေးလွန်း၍ နောက်ဆုံးသူက “အကျွန်ုပ်သည် အထက်က မျက်စိကန်း၍ ယခုမျက်စိမြင်သည်အကြောင်းတစ်ခုကို (သာ) သိသည်” (း၂၄)ဟု သာ ဆိုနိုင်တော့သည်။
ခရစ်တော်သင့်အတွက်ဘာပြုပေးသည်။ အခြားသူအတွက် ဘာပြုပေးနိုင်သည်ကို စကားတစ်ခွန်း၊ ၀ါကျတစ်ကြောင်းတည်းဖြင့် ပြောရမည်ဆိုလျှင် သင်ဘာပြောမည်နည်း။ “ယေရှုခရစ် သင့်ကိုအပြစ်မှလွတ်ပြီ။” “သင့်ကိုမျှော်လင့်ခြင်းပေးပြီ။” “သင့်ဝိညာဉ်ကိုကယ်တင်ပြီ” စသည်ဖြင့် ပြောမည်လား။ မိမိ၏အသက်တာကို သခင်ယေရှုပြောင်းလဲပေးပြီဖြစ်သောကြောင့် မိမိအတွက် ပြုပေးသည့်အမှုကို အခြားသူတို့အတွက်လည်း ပြုပေးနိုင်ကြောင်း သခင်၏တန်ခိုးတော်ကို ကျွန်ုပ်တို့ အတည်ပြု အာမခံပေးနိုင်ပါ၏။ “ယခင်ကမမြင်၊ယခုမြင်ပြီ