Wednesday, August 22, 2012

"Doctrine" hi Khrifami caah a biapi maw?

"Doctrine" timi cu "cohlangmi or zumhmi hrampi" tiah kan leh ah hin a khen bik lai dah. Online free dictionary ahcun, "a principle or body of principles presented for acceptance or beliefs" tiah a tial. Hika ahhin zoh te u! Asi ahcun, "Zumhmi" "Hrampi" cu Khrifabu caah a biapi ko hnga lo maw? "Zumhmi hrampi" a ngei lomi Khrifa cu zeibantuk Khrifa dah a si hnga? Asi ahcun, doctrine timi cu, zeibantuk khi dah an si? timi biahalnak hna hi biapi ngai an si ko. Dictionary ah kan hmuhmi "Doctrine" timi sullam ning in doctrine timi cu tahthimhnak ah "Jesuh cu Pathian fapa a si tiah 100% bak in "zumh" hi "doctrine" cu a si ko hnga. "Jesuh min in tipil ing cu khamhnak a si tiah 100% bak in zumh hi "doctrine" a si - hihi UPC doctrine a si. Hika a donghnak video ah hmuh khawh a si. 
Cucaah, doctrine timi zumhmi hrampi kha a si i, khamhnak he a pehtlaimi zong a si caah, Khrifami caah a biapi taktakmi a si. Khrifa a simi paoh nihcun "doctrine ngeihlo a ngahlo" ti khawh a si. Zeicatiah, "doctrine" sullam ning tein "Jesuh cu keimah khamhtu" a si tiah 100 % in a zumhmi hna caah cun, cu zumhnak cu "doctrine" a si ko. Phun dang in chim ahcun, "Za ah Za" (100 ah 100%) in zumhmi paoh cu "doctrine" an si dih. Khrifami zumhmi ah "doctrine" aa dang ciomi hi "za ah za" (100 ah 100%) zumhmi hi a dang cio caah a si.
Tuchan ahcun "doctrine" a biapi lo. "Doctrine" hi vanram kainak a si lo. "Doctrine" hi khamhnak he a pehtlai lo" tiah Khrifami hna nih ti khawh phung hi a si lo. Zeicatiah, vanram kainak le khamhnak cu "zumhmi hrampi" in a thawkmi an si. UPC nih 100 ah 100% in an zumh i an i tlaihmi cu Jesuh min in tipil ing-nak cu khamhnak tlamtling hmuhnak a si timi hi a si. Cu tikah, Jesuh min in tipil a ing lomi paoh hi ta, Khamhnak tlamtling an hmuh ve lai maw? timi biahalnak a um kho ngaimi a si; cu tikah, ,hithin an zumhmi hi, cohlang khawhmi a si maw? Ka ca ah a dik kho lai maw? timi hi "study" a herh bakmi a si. Cucu, doctrine a biapit nak zawn pakhat a si.
Baptist Cawnpiaknak ah "khamhnak" cu zungzal (forever) caah a si an ti.  "One saved, always saved" an ti. Voikhat khamh na si hnu ahcun, zungzal a nguh" ti hi an i tlaihmi a si. A awlnak in chim ahcun "khamhnak a tlau kho lo" timi hi a si ko. A duhmi nih hika ahhin zoh te u. A pianggthar i, a tlu tthan lengmangmi hna khi cu, a rak piangthar taktak lo caah a si' timi hi an zumh. A piangthar taktak mi hna cu, sualnak ah an tluk zong ah, an sual than zong ah an khamhnak cu a nung ko i, vanram an kai ko lai" timi hi an zumhmi a si. Mah zumhmi hrampi ( doctrine) hi na cohlang kho maw? study na tuah a herh bakmi a si. Zeicatiah, khamhnak he a pehtlaimi a si caah, a biapi tukmi a si. Asinain baptist zumhmi "One Saved, always saved" timi hi AG le UPCI ah ministers tampi nih an pawm lo an ti; an nih pawmning cu, "khamh" a si cangmi nih dinfel tein um lengmang  a herh; Sualnak ah a tluk sual ahcun a khamhnak a tlau kho i, a thar in sual ngaichiahnak a ngeih a herh ti hi an i cawnpiak ning  a si. Cucu, Hika le Hika ahhin hmuhkhawh a si. (note: one saved, always saved" timi hi baptist a si ko nain a pawm kho lomi mimal an tampi i, AG or UPC a si ko nain a pawmmi mimal an um thiam ve an ti)
Doctrine ruang ah pakhat le pakhat i huat cu "hruh" a si. Doctrine ruang ah a huami cu an molh taktak. Doctrine cu bu ta  a si lo. Orgnization ta a si lo. A zumhmi hna an zumhning a si i, mimal (individual) caah a biapi mi a si. Mahte (individual) cio in zeibantuk "doctrine" dah cohlang khawhmi an si timi kha hlat dingmi tu khi a si. Khrifa zumhmi doctrince vialte ah na cohlang khawhmi doctrine a um lo ahcun, nangmah tein "doctrine" i ser ko, or nangmah tein doctrine na ngeih khawh hoi lo ahcun, Khrifa si zong a herh lem hnga lo:).
Khrifami zumhmi ahhin zumhmi le zumhning aa cio dang. Mah aa dang ciomi cu doctrine an ti hna. Cucaah, zeibantuk doctrine khi dah, nangmah nih na cohlang khawhmi an si? Zeibantuk zumhning kha dah na pawm? Hi hna hi, nangmah mimal cungah a hngatmi a si. Cun, na cohlang khawhmi le na pawm khawhmi "doctrine" te kha na zulh i, na nunpi awk a si.
Laimi ah pastors le saya nih nih doctrine kong an chim lonak hi a sau cang. Mino tampi cu nulepa baptist si ruang ah baptist kan tampi. Kan zumhmi hrampi kan hngal lo. Kan thannak, kan i pumh tawnnak khrifabu kha tanh thlawrh in kan tanh. Hihi a hman lomi a si. A zumhmi hrampi hmanh a fiang lomi nih, zeitindah hrinthan ka si a ti khawh lai? Cucaah, zumhmi hrampi cu khrifami caah, biapi taktak mi a si hlei ah khrifa sinak hrampi, muru zong a si. END-----

Sunday, August 19, 2012

သခင်ချစ်တဲ့ပန်း မလေး (တပ်ကြီးကုန်းအသင်းတော်-မှော်ဘီ)


လူတကာရဲ့ ဦးထိပ်မြန်း တော်ဝင် သဇင်ပန်းလဲ မဖြစ်ချင်ပါ။
တန်ဖိုးမြင့်တော့ စိတ်ကြီးဝင်ကာ သခင့်ကို မေ့မှာစိုးလို့ပါ။
ဆူးများဝန်းရံ အရောင် ကဗ္ဗလာနီမို့
အများသူငါ နှစ်သက် စွဲမက်ဖွယ်ရှိတဲ့ ပန်းနှင်းဆီလဲ မဖြစ်ချင်ပါ။
သိပ်လှပတော့ မာန်တွေဝင့်ကာ သခင့်ကို မေ့မှာစိုးလို့ပါ။
ဖြူဖွေးသန့်စင် ဂုဏ်ရောင်တွေကင်း ရိုးသားခြင်းနှင့် လိုချင်မက်မော
မရှိသော၊ သခင်ချစ်တဲ့ပန်း တောနှင်းပန်းကလေးဘဲ ဖြစ်ချင်တယ်။
သည်တော့ - နှင်းပန်းဘဝ ငြိမ်းချမ်းလှ ၊ သခင့်ကို မေ့မရ ထာဝရ။

ခွင့်လွှတ်ပါ သခင် ဖိုးလေး(အင်းစိန်)


သခင့်ကို ချစ်တယ်လို့ နှုတ်က ပြောပြီး
 စိတ်နှလုံးထဲမှာ ဇာတိကို ဦးစားပေးခဲ့တယ်။
လက်များမြှောက်ပင့်လျှက် သခင့်ကို ကိုးကွယ်ပြီး
ခြေလှမ်းတွေဟာ အပြစ်ပြုမိရာကို သွားခဲ့တယ်။
သခင် ကျွန်ုပ်အပြစ်များကို ခွင့်လွှတ်ပါလို့ ဝန်ချတောင်းပန်ပြီး
ဒီအပြစ်နွံထဲမှာဘဲ ကျွန်ုပ် သာယာမိခဲ့တယ်။
အပြစ်များနဲ့ ပြည့်နှက်နေတဲ့ ကျွန်ုပ် ဘဝနဲ့
 မျက်ရည်တွေကို သခင်သိပါတယ်။
စစ်မှန်တဲ့ နောင်တ တရားများနဲ့ သခင့်ဆီကို
 ပြန်လှည့်လာမဲ့ ခြေလှမ်းသစ်များကို သခင်မျှော်လင့်
 ကြိုဆိုနေမယ်ဆိုတာကိုလဲ ကျွန်ုပ်သိပါတယ် သခင်။
နောင်တ နှလုံးသားနဲ့ အသစ်သော နှလုံးသားကို
သခင် လက်ခံ၍ ဝိညာဉ်ခွန်အားများကို
 ပြန်လည်ပေးသနားလှည့်ပါသခင်။

လျှာကိုထိန်းချုပ်ခြင်း(မေရီ-ဖျာပုံ)
လျှာသည် ငယ်သော အင်္ဂါ ဖြစ်သော်လည်း -- ဝါကြွား တတ်၏။ ---လျှာသည် မီးဖြစ်၏။ -- ဒုစရိုက်၏ လောကဓါတ်လဲ ဖြစ်၏။ --- တစ်ကိုယ်လုံးကို ညစ်ညူးစေ၏။ --- မီးရှို့တတ်၏။ ယာ ၃း၅-၆
ကျမတို့ ပြောဆိုသော အရာများကို ထိန်းချုပ်ဖို့ တမာန်တော်ကြီး ရှင်ယာကုပ်က ယာကုပ် ၃း၁-၁၂ မှာသွန်သင်ထားပါတယ်။ ကျမတို့အားလုံးဟာ အမှားများစွာကို ပြုတတ်ကြပါတယ်။ စကားအားဖြင့် အမှားမရှိအောင် နေနိုင်တဲ့သူဟာ စုံလင်တဲ့သူ ဖြစ်တယ်လို့ ဆိုထားပြန်ပါတယ်။ လျှာဟာ ခန္ဓာတစ်ခုလုံးကို ထိန်းချုပ်နိုင်သူလို့ ဖော်ပြထားပါတယ်။ မြင်းကို နိုင်ရန် မြင်းပါးစပ်ထဲမှာ ဇက်ကြိုးကို ထည့်ထားရသလို၊ အလွန်ကြီးမားတဲ့ သင်္ဘောတစ်စီးမှာလဲ တက်မ ကလေးက ထိန်းချုပ်ကာ သွားလိုရာကို ဦးတည် ပေးနိုင်ပါတယ်။ လျှာဟာလဲ အလွန်သေးငယ်ပေမဲ့ လူတစ်ကိုယ်လုံးကို ကြိုက်သလို လှည့်နိုင်တဲ့ အရည်အချင်းရှိပါတယ်။
လျှာဟာ မီးနဲ့တူပြီး တကိုယ်လုံးကို ငရဲမီးကဲ့သို့ လောင်ကျွမ်းစေနိုင်ပါတယ်။ တိရိစ္ဆာန်တွေကို ယဉ်ပါးအောင် လေ့ကျင့်နိုင်ပေမဲ့ လျှာကို ယဉ်ပါးအောင် လုပ်ဖို့ ခက်ခဲပါတယ်။ လျှာကို ဘယ်သူမှ မအောင်နိုင်တဲ့ အဆိုးအညစ်လို့ ဆိုထားပါတယ်။
ကျမ သိထားတဲ့ သာဓက လေးနဲ့ အနည်းငယ် ဝေငှချင်ပါတယ်။ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးဟာ အလုပ် စိတ်ကျဉ်းကျပ်မှုကြောင့် ထွက်ပေါက် ရလိုတဲ့ သဘောနဲ့ မြန်မာပြည်က မိခင် အရမ်းနေမကောင်းဖြစ်လို့ အိမ်ကို ခနပြန်ချင်တဲ့ အကြောင်း အိမ်ရှင်ကို လှည့်ပတ်လိမ်စားပြီး စိတ်ပြေလက်ပျောက် မြန်မာပြည် ပြန်လည်ဖို့ မုသားသုံးခဲ့ပါတယ်။ ကျမ်းမာပကတိ ဖြစ်နေတဲ့ မိခင်ကို အရမ်း နေမကောင်းဘူးဆိုတဲ့ လျှာအရိုး မရှိတိုင်း သူဌေးကို ပြောပြီး လိမ်လည်မှုနဲ့ အမြန်ပြန်လို့ ရအောင် လုပ်ဆောင်ခဲ့ပါတယ်။ အိမ်ရှင်သူဌေးတွေက တကယ်ထင်ပြီး အမြန်ပြန်နိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ သူပြောခဲ့တဲ့ သူ့လျှာထဲက စကားအတိုင်း သူမြန်မြာပြည် ပြန်ရောက်တဲ့နေ့မှာဘဲ ကျမ်းမာပကတိ ရှိနေတဲ့ မိခင်ဟာ ရုတ်တရက် လေဖြန်း သွားခဲ့ပါတယ်။ သူ့လိမ်လည်မှု အကြံကို သိနေတဲ့ အစ်မဖြစ်သူက သူ့ကို အရမ်းဆူခဲ့ပါတယ်။
ဒါဟာ လျှာရဲ့ လှည့်စားမှု ရလဒ်လေးဖြစ်ပါတယ်။ မဟုတ်မမှန်သော အရာများကို ပြောဆိုခြင်းဖြင့် လျှာကို အသုံးမချဖို့ သတိပေးလိုက်ပါတယ်။ သေစေတတ်သော အဆိပ် အတောက်နှင့်ပြည့်စုံ၏ လို့ ရှင်ယာကုပ်က သွန်သင်ထားပါတယ်။ မိမိတို့ လျှာကို ထိန်းချုပ်ကြပါစို့။ ။ Mary (ဖျာပုံ)

ဘာကြောင့် ဘုရားကျောင်းကို ပုံမှန်သွားဖို့ လိုအပ်ပါသလဲ

အလုပ်များလွန်းသူတစ်ဦးအနေနဲ့ သင်ဘုရားကျောင်းကို ပုံမှန်တက်လေ့ရှိပါသလား။ လူအများစုက ဘုရား ကျောင်းမှာ ပုံမှန်ဝတ်ပြုခြင်းအားဖြင့် သူတို့ပေးတာထက် သူတို့ပြန်ရတာ ပိုများတယ်လို့ ယုံကြည်ကြတဲ့အတွက် သွားရောက်ကြခြင်းဖြစ်တယ်ဆိုတာ လေ့လာဆန်းစစ်ချက်အရ သိရပါတယ်။ ဒါဆိုမိတ်ဆွေ သင်ဘုရား ကျောင်း သွားဖို့  စိတ်မပါဘူးလား၊ သွားဖို့သင့်ကိုဘာလှုံ့ဆော်မှုမှမရှိဘူးလား။   ဘာကြောင့် သင်ဘုရားကျောင်း ကို သွားရောက် ၀တ်ပြုသင့်တယ်ဆိုတာ အောက်ပါ အချက် (၁၀)ချက် အားဖြင့် သင့်ကို ဘိတ်ခေါ်ပါရစေ။
၁။ အသက်ရှင်သော ခရစ်တော်ဘုရားနဲ့ မိတ်သဟာယဖွဲ့ရန်
ခရစ်တော်ဟာ သင့်အတွက် အရေးကြီးတယ်ဆိုတာ သင်သိခဲ့ရင်၊ ထိုအချက်က သင့်ကို ဘုရားကျောင်းသွားဖို့ လှုံ့ဆော်မှာဖြစ်ပါတယ်။ ခရစ်တော်ကို ယုံကြည်သူများ စုဝေး၀တ်ပြုတဲ့နေရာမှာ ထိုသခင်လည်း ထိုသူများနဲ့ အတူရှိတယ်ဆိုတာ သိဖို့ဖြစ်ပါတယ်။
ခရစ်တော်ဟာ ယုံကြည်သူများနဲ့ အတူရှိတယ်ဆိုတာ စစ်မှန်တဲ့အချက်ဖြစ်သလို ထိုသခင်ဟာ နှုတ်ကပတ်တော်အားဖြင့် ကြားနာတဲ့သူများရဲ့ အလယ်မှာ အမှန်တကယ် ရှိတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။  မသဲ ၁၈း၂၀မှာ လူနှစ်ဦးသုံးဦး စုရုံးတဲ့အလယ်မှာ ငါရှိတယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ နှုတ်ကပတ်တော်ကလည်း ယုံကြည်သူများ အတူတကွစုရုံးခြင်းအားဖြင့် ခရစ်တော်နဲ့ တစ်သားတကိုယ်တည်း ဖြစ်တယ်ဆိုတာကို ဖော်ပြထားပါသေးတယ်။ ခရစ်တော် ဘယ်မှာ ရှိသလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေဟာ သင်တို့ ယုံကြည်သူများရဲ့ အလယ်မှာရှိတယ် ဆိုတာပါပဲ။
အတိအကျပြောရမယ်ဆိုရင်တော့ သခင်ခရစ်တော်ဟာ နှုတ်ကပတ်တော်ဟောပြောတဲ့ ယုံကြည်သူများ စုဝေးရာအလယ်မှာ ရှိတယ်ဆိုတာပါပဲ။   လုကာ (၁၀း၁၆)မှာ  သင်တို့၏စကားကို နားထောင်သောသူသည်  ငါ့စကားကို နားထောင်၏။ သင်တို့ကိုပယ်သောသူသည် ငါ့ကိုပယ်၏။  ငါ့ကိုပယ်သောသူသည် ငါ့ကို စေလွှတ်တော် မူသောသူကို ပယ်သည်ဟု မိန့်တော်မူ၏လို့ ဖော်ပြထားပါတယ်။  ကျွန်တော်တို့က နှုတ်ကပတ်တော်ကို ဟောပြောသူအားဖြင့် ကြားသလို ထိုဟောပြောတဲ့သူကိုလည်း ခရစ်တော်က သူအားဖြင့် စကားပြောစေတယ်ဆိုတာကို တွေ့ရပါတယ်။
ခရစ်တော်၏ ညစာစားပွဲ (The Lord’s supper)သို့ ပါဝင်ကြသူများဟာလည်း ထိုသခင်ရဲ့ ကားတိုင်ပေါ်မှာ အသေခံခဲ့ခြင်းကို သတိရဖို့ရန်    အသွေးနဲ့အသားကို မိတ်သဟာယပြု စားသုံးဖြစ်တဲ့အတွက် ထိုသခင်နဲ့ တစ်သားတစ်ကိုတည်းဖြစ်ခြင်းကို ပြတဲ့အရာလည်း ဖြစ်ပါတယ်။ ယေရှုခရစ်ရဲ့ညစာစားပွဲကို ၀င်ရောက်ကြ သူများကို လည်း ပွဲတော်မင်္ဂလာဝတ် (Communion) အဖြစ် သတ်မှတ်တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ၁ကော ၁၀း၁၆-၁၇ တွင်လည်း ပွဲတော်မင်္ဂလာဝတ်နဲ့ ပါတ်သက်ပြီး ဒီလိုဖော်ပြထားပါတယ်။        ငါတို့သည် ကျေးဇူးတော် ချီးမွမ်းရာ မင်္ဂလာခွက်ဖလားမူကား၊ ခရစ်တော်၏ အသွေးကို ဆက်ဆံခြင်းဖြစ်သည်မဟုတ်လော။  ငါတို့ဖဲ့သော မုန့်မူကား၊ ခရစ်တော်၏ကိုယ်ကို ဆက်ဆံခြင်းဖြစ်သည် မဟုတ်လော။  မုန့်တလုံးတည်း ရှိသည်ဖြစ်၍၊ ငါတို့ရှိသမျှသည် တလုံးတည်းဖြစ်သော ထိုမုန့်ကို ဆက်ဆံလျက် ခံယူကြသောကြောင့်၊   အများဖြစ်သော ငါတို့သည် တလုံးတကိုယ်တည်းဖြစ်ကြ၏။ ဆိုလိုတာက ကိုယ်တော်နဲ့ တစ်လုံးတစ်ဝတည်း ဖြစ်ဖို့ရန် ကိုယ်တော်နဲ့ အတူ ညစာစားပွဲ (The Lord’s supper) သို့ ၀င်ရောက်ခြင်းဖြစ်တယ် ဆိုတာပါပဲ။
၂။ ခွင့်လွှတ်တတ်ရန်
ဘာကြောင့် ဗိမာန်တော်သို့ လာပါသလဲ။ ခရစ်တော် အဲ့ဒီမှာရှိလို့ဆိုတဲ့ အဖြေကို ပေးရမှာပါပဲ။ အဲဒီနေရာမှာ အပြစ်ကိုနောင်တရသူ ယုံကြည်သူများအတွက် အပြစ်လွှတ် ဖို့ရန် ထိုသခင်ရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။ ခရစ်တော် လက်ဝါးကပ်တိုင်မှာ အသေခံပြီးသေခြင်းကို အောင်မြင်ခဲ့ခြင်းဟာလည်း ကျွန်တော်တို့ ဗိမာန်တော်မှာ ၀တ်ပြုရခြင်းရဲ့ အဓိက အချက်တစ်ခုပါပဲ။  ထိုသခင်ကြွလာရခြင်းဟာ လူများဆီကရယူဖို့ မဟုတ်ဘဲ၊ ကျွန်ုပ်တို့လူသားများကို ပေးဆပ်ရန်အတွက် ကြွလာရခြင်းဖြစ် ပါတယ်။  မိတ်ဆွေနဲ့ ကျွန်တော်တို့ အပြစ်များကို ဖြေလွှတ်ဖို့ရန် ထိုသခင်ကြွလာရခြင်း ဖြစ်ပါတယ်။  ဒါကြောင့် သတင်းကောင်းကို ဝေငှခြင်း၊ သန့်ရှင်းခြင်း အသက်တာ နဲ့ ကိုယ်တော်နဲ့တစ်လုံးတစ်ကိုယ်တည်း ဖြစ်ခြင်းအားဖြင့် ထိုသခင်ရဲ့ လူသားများ အပေါ် တန်ဖိုးရှိသောပေးဆပ်ခြင်းကို ရယူနိုင်မှာဖြစ်ပါတယ်။ တစ်ပါတ်တာ လုံး လောက ထဲမှာ ပင်ပန်းနွမ်း နယ်ပြီး၊ အပြစ်နဲ့ရှုပ်ထွေးနေတဲ့နောက် ဗိမာန်တော်ကိုလာရောက်ပြီး နှုတ်ကပတ်တော်ကို ကြားနာခြင်းအားဖြင့် ဘုရားသခင်ထံမှ အပြစ်လွှတ်ခြင်း အခွင့်ကို ရရှိမှာဖြစ်ပါတယ်။
၃။ ဘုရားသခင်၏အသံတော်ကိုကြားရန်
လောကထဲမှာ နေထိုင်စဉ် အသံပေါင်းစုံ၊ ရွေးချယ်စရာပေါင်းစုံနဲ့ သင်အသက်ရှင် နေထိုင်နေရတာကို သတိပြုမိပါသလား။    လူဘ၀ဆိုတာရှုပ်ထွေးမှုပေါင်းစုံ၊ အမှားအမှန် စသဖြင့်ရောထွေးလျက်ရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ သင်ဗိမာန်တော်သို့ သွားရောက်ခြင်းအားဖြင့် ဘုရားသခင်ရဲ့ အသံတော်ကို ဟောကြားသောနှုတ်ကပတ်တော်အားဖြင့်၎င်း၊  ကျမ်းစာတော်မြတ်အားဖြင့်၎င်း၊  ဂုဏ်တော်ကျူးဧခြင်းအားဖြင့်၎င်း သင်ကြားရမှာဖြစ်ပါတယ်။  ဘုရားရှင်က လူပရိသတ်အားလုံးကို စကားပြောသလိုတစ်ဦးတစ်ယောက်ချင်းစီကိုလည်း စကားပြောပါတယ်။ အမှန်တရားကိုလမ်းပြပေးသလို၊ ဘယ်အရာက မှားယွင်းနေတယ်ဆိုတာကိုလည်းဖော်ပြပေးပါတယ်။ ထိုသခင်ရဲ့အသံတော်အားဖြင့်နှစ်သိမ့်ခြင်း၊ ခွန်အားနှင့်ပြည့်ခြင်း၊ အနာရောဂါငြိမ်းခြင်းစတဲ့ ထူးခြားတဲ့အရာများကိုခံစားရမှာဖြစ်ပါတယ်။ ထိုသခင်ရဲ့သန့်ရှင်းခြင်းအသံတော်အားဖြင့်မသန့်ရှင်းခြင်းများကိုပျောက်စေမှာဖြစ်ပါတယ်။ ထိုသခင်ရဲ့အသံတော်မှာသမာတရားနဲ့ပြည့်ဝတာကိုတွေ့ရမှာဖြစ်တယ်။ ၀မ်းနည်းစရာကောင်းတဲ့ အချက်ကတော့ ယုံကြည်သူများဟာ ကိုယ်တော်ထံမှ လမ်းပြပို့ဆောင်ခြင်းအတွက် ဆုတောင်းခဲ့ကြပေးမဲ့ ဘုရားသခင်ရဲ့ အမှန်တကယ်လမ်းပြပို့ဆောင်ခြင်းကိုတော့ ဘယ်တော့မှလိုက်မနာကြဘူးဆိုတာပါပဲ။
၎။ သမာကျမ်းစာတော်မြတ်ကိုပိုမိုသိနားလည်စေရန်
ဒီနေရာမှာဆင်ခြေပေးစရာအချက်ရှိပါတယ်။  ဘုရားကျောင်းသွားဖို့မလိုပါဘူး၊ အိမ်မှာကျမ်းစာဖတ်နေရင်လည်းရပါတယ်ဆိုတဲ့အချက်ပါပဲ။   ဒီနေရာမှာ ကျမ်းစာတော်မြတ်ကို ကိုယ်ရဲ့ကိုယ်ပိုင်အချိန်မှာ လေ့လာခြင်းဟာ ကောင်းတဲ့အချက်ပါပဲ။  ဒါပေမဲ့ ဒါဟာ ဘုရားရှင်ရဲ့နှုတ်ကပတ်တော်မြတ်ကိုကြားနားဖို့ အစားထိုးလုပ်ဆောင်ချက်တော့မဟုတ်ရပါဘူး။ ဘာကြောင့်လဲ။ သင်းအုပ်ဆရာဆိုတာက ဘုရားသခင် ခန့်ထားသောသူဖြစ်ပြီး ဘုရားရဲ့နှုတ်ကပတ်တော်မြတ်ကို ဟောပြောသူဖြစ်ပါတယ်။ (လုကာ ၁၀း၁၆၊ ဧဖက် ၄း၁၁-၁၆၊ ၁ တိ ၄း၁၃-၁၆၊ ၂တိ ၄း၁-၅၊ ဟေဗြဲ ၁၃း၁၇)မှာဖတ်ကြည့်မယ်ဆိုရင် သင်းအုပ်ဆရာအားဖြင့်ဘုရားကသင့်ကိုစကားပြောတယ်ဆိုတဲ့အချက်ကိုတွေ့ နိုင်ပါတယ်။   ဒါအပြင် သင်းအုပ်ဆရာဆိုသူများဟာလည်း ကျမ်းစာတော်မြတ်ကို အချိန်နှစ်ပေါင်းများစွာလေ့လာသင်ယူထားသူဖြစ်ပြီး ဘုရားပေးသော ဆုကျေးဇူးကို ခံထားရတဲ့ သူဖြစ်တယ် ဆိုတာပါပဲ။ ဒီနေရာမှာ ပြောစရာရှိတာက ကျွန်တော်တို့ လူသားများဟာ လူ့အတိုင်းအတာအားဖြင့် နေရာတိုင်းမှာ အထူးသဖြင့် မိမိလေ့လာထား တဲ့ ဗဟုသုတပိုင်းမှာ ကျွမ်းကျင်သူများလို့ ကိုယ့်ဖာသာကိုယ် သတ်မှတ်လေ့ရှိကြပါတယ်။
ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်နဲ့ ပါတ်သက်လို့တော့ ကျွမ်းကျင်စွာသိဖို့မလိုပါဘူးလို့ ထင်မှတ်တတ်ကြပါတယ်။ ဆေးကုသဖို့ဆရာဝန်ဖြစ်ဖို့လိုတယ်၊  ကျွမ်းကျင်စွာ စာရင်းကိုင်နိုင်ဖို့ စီပီအေလိုဘွဲ့မျိုး လိုတယ်၊  စက်ပိုင်းဆိုင်ရာပြုပြင်တတ်ဖို့စက်ပြင်တဲ့ သင်တန်းအောင်လက်မှတ်ရဖို့လိုတယ် စသဖြင့်အတိုင်းအတာနဲ့သတ်မှတ်လေ့ရှိကြပါတယ်။ ကျမ်းစာတော်မြတ်နဲ့ပါတ်သက်လာရင်တော့သိသယောင်ယောင်လုပ်တတ်ကြပါတယ်။ ယုံကြည်သူများအနေနဲ့ကျမ်းစာတော်မြတ်ကိုအမြဲဖတ်ရှုနေဖို့လိုပါတယ်။ ဒါမှလည်း သင်းအုပ်ဆရာရဲ့ဟောပြောသွန်သင်ချက်တွေကိုနားလည်နိုင်မှာဖြစ်ပါတယ်။  ကျွန်တော့်အနေနဲ့ သင်းအုပ်ဆရာများဘက်ကပြောဆိုနေတာတော့မဟုတ်ပါဘူး။ သာမန်အတွေးနဲ့တွေးနေမှာစိုးလို့သတိပေးနေရခြင်းဖြစ်ပါတယ်။
၅။ ၀ိညာဉ်အစာကျွေးရန်
ဒါကဘာကိုဆိုလိုတာလဲ၊  ၀ိညာဉ်ကအဟာရပြည့်ဖို့လိုသလား၊    ကျမ်းစာအရလိုအပ်ပါတယ်လို့ဖြေရမှာဖြစ်ပါတယ်။ တရားဟောရာကျမ်း ၈း၃ နဲ့ မသဲ ၄း၎၊ ၁ပေ ၂း၂ ကိုဖတ်မယ်ဆိုရင်လူဟာမုန့်အားဖြင့်သာအသက်မွေးရသည်မဟုတ်၊ ဘုရားသခင်မိန့်တော်မူချက်အားဖြင့်သာ အသက်မွေးရမယ် ဆိုတာကိုဖော်ပြထား တာတွေ့နိုင်ပါတယ်။  ဘုရားရှင်ရဲ့နှုတ်ကပတ်တော်မြတ်ဟာ သင့်ဝိညာဉ်အတွက် အစာဖြစ်တယ်ဆိုတာတွေ့ရမှာဖြစ်ပါတယ်။ လူအများ စုဝေးသောဝတ်ပြုခြင်းဟာ သင့်ဝိညာဉ်အတွက် အကောင်းဆုံးအစာကျွေးခြင်းဖြစ်ပါတယ်။ (ယောဟန် ၆း၂၇)မှာယေရှုက မုန့်ကိုစား၍ ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကို ရခြင်းငှာမကြိုးစားကြနှင့်။   လူသားသည် သင်တို့အားပေး၍ ထာဝရအသက်နှင့်အမျှတည်တတ်သော အစာကိုရခြင်းငှါ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော် ဘုရား၏ တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။ ဒါကြောင့် လူတွေဟာ သူတို့ကိုယ်ကာယအတွက်ဘဲ အစာကို သဲကြီးမဲကြီးရှာဖွေနေကြပြီး ကိုယ့်ဝိညာဉ်အတွက် တော့ အစာကျွေးဖို့မေ့ထားကြတာဝမ်းနည်းစရာပါပဲ။

၆။ ချစ်တတ်ရန်၊ အားပေးတတ်ရန်
ကျွန်တော်တို့အားလုံးအခက်အခဲနဲ့တွေ့ကြုံရတတ်ပါတယ်။  စိတ်ပျက်ခြင်းနဲ့ဘာလုပ်ရမှန်းကိုမသိတဲ့အချိန်တွေလည်းရှိကြပါတယ်။ စိတ်ပျက်စရာတွေ၊ နာကျင်မှုတွေနဲ့ အမြဲလုံးထွေးနေတတ်ကြပါတယ်။ ဘုရားသခင်ကအာဒံကိုပြောသလို လူသည်တစ်ဦးတစ်ယောက်တည်းမနေကောင်းဆိုသလိုပေါ့။ ကိုယ်ထမ်းရသောဝန်ကို ဘာလို့ကိုတစ်ဦးတည်းထမ်းမှာလဲ၊ ဗိမာန်တော်သို့ လာခြင်းဟာ သင်နဲ့သင်ရဲ့ မိတ်ဆွေများ မိတ်သဟာယပြုခြင်းဖြစ်ပါတယ်။ ဆိုလိုတာကတစ်ယောက်နဲ့ တစ်ယောက် အားပေးခြင်း၊ ရင်းနှီးနွေးထွေးစွာပြုမူဆက်ဆံခြင်းဖြစ်ပါတယ်။ ပိုမိုနက်နက်နဲနဲပြောလိုတာကတော့ခရစ်တော်ရဲ့ချစ်ခြင်းအားဖြင့်တစ်ယောက်နဲ့တစ်ယောက်နှစ်သိမ့်ခြင်း၊  လိုအပ်ချက်များကို လမ်းညွန်ခြင်းစသဖြင့် မိတ်သဟာယပြုခြင်းဖြစ်ပါတယ်။  ဘုရားရှင်ရဲ့နှုတ်ကပတ်တော်မြတ်အားဖြင့်ယုံ ကြည်သူအချင်းချင်း ဘယ်လောက် ၀ိညာဉ်ပိုင်းဆိုင်ရာမှာ တည်ဆောက်နိုင်သလဲဆိုတာအရေးကြီးပါတယ်။ဒါကြောင့်ဘုရားကျောင်းကိုသွားပါ၊ ချစ်ခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် အားပေးတိုက်တွန်းပါ။
၇။ ဆုတောင်းရန်အတွက်
ယေရှုက မသဲ ၁၈း၁၉ မှာ တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင်နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆု တို့ကိုကောင်းကင်ဘုံ၌ ရှိတော်မူသောငါ၏ ခမည်းတော်သည် ပေးတော်မူလတံ့။ ဖော်ပြထားပါတယ်။  ဘုရားရှင်ကို ယုံကြည်သူများရဲ့ ဆုတောင်းပဌာနဟာ တန်ခိုးနဲ့ပြည့်ပါတယ်။ ဘုရားကျောင်းသို့ ပုံမှန်မလာပဲ   တစ်ဦးတည်း ဆုတောင်းနေသူများအဖို့ကတော့ သူ့ရဲ့လိုအပ်ချက်ကိုအများကဘယ်လိုမှမသိရှိနိုင်ပါဘူး။   ဒါကြောင့်ဘုရားကျောင်းသို့ လာပြီး  မိမိလိုအပ်ချက်များအတွက်  အများနဲ့အတူဆု တောင်းခံဖို့လိုပါတယ်။
၈။ သင့်ရဲ့မိတ်ဆွေယုံကြည်သူများကိုမေတ္တာထားတတ်ရန်၊ အားပေးတတ်ရန်
ယုံကြည်သူခရစ်ယာန်များရဲ့အဓိကကျင့်ဝတ်ကတော့ကိုယ်နဲ့စပ်ဆိုင်သူများကိုကိုယ်နဲ့အမျှချစ်ဖို့ပဲဖြစ်ပါတယ်။ယောဟန် ၁၃ မှာပြောထားပါတယ်။ လူအများစုဝေးရာ ဗိမာန်တော်သို့ သွားရောက်ရန်ပျက်ကွက်ခြင်းဟာလည်းတတိယပညာတ်တော်ဖြစ်တဲ့ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းဟာ ထိုနေ့ရက်ကို အောင်းမေ့လောဆိုတဲ့ အချက်ကိုဖောက်ပြက်ရာရောက်ပါတယ်။  လူတစ်ဦးနဲ့တစ်ဦးစုဝေးခြင်းမရှိပဲနဲ့တစ်ဦးရဲ့လိုအပ်ချက်ကိုကျန်တစ်ဦးက ဘယ်လိုသိနိုင်ပါမည်လဲ။ ကျွန်တော်တို့ ဗိမာန်တော်မှာ စုဝေး၀တ်ပြုခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် စကားမပြောဖြစ်ရင်တောင်မှ ကျွန်တော်တို့ အတူရှိနေခြင်းဟာ တစ်ဦးနဲ့တစ်ဦး တန်ခိုးနဲ့ပြည့်ဝတဲ့ အားပေးမှုမျိုးဖြစ်တယ်ဆိုတာ ထပ်မံသတိပေးလိုပါတယ်။
၉။ အတူတကွဝတ်ပြုကိုးကွယ်ရန်
ကျမ်းစာတော်မြတ်အရကျွန်တော်တို့ယုံကြည်သူများဟာအတူတကွဝတ်ပြုဖို့လိုအပ်တယ်ဆိုတာပါပဲ။ ကျွန်တော်တို့ဟာ ဖန်းဆင်ရှင်ဘုရားသခင်ရဲ့ ဖန်ဆင်းခံ လူသားများဖြစ်တဲ့အတွက် ကျွန်တော်တို့မှာရှိတဲ့အရာ အားလုံးဟာ ဘုရားပေးအပ်ထားတဲ့ ဆုကျေးဇူးများသာဖြစ်ပါတယ်။ ဒါကြောင့် ဘုရားသခင်က ကျွန်တော်တို့ အတူတကွဝတ်ပြုကိုးကွယ်ခြင်း၊   ချီးမွမ်းခြင်း၊   ဆုတောင်းခြင်းကို  အင်မတန်မှနှစ်သက်ပါတယ်။     ယုံကြည်သူများအတူတကွ ဆုတောင်းခြင်းဟာ ဘုရားသခင်က သခင်ခရစ်တော်အားဖြင့်ပေးအပ်ထားတဲ့ အပြစ်လွှတ်ခြင်းဖြစ်တယ်ဆိုတာ ဓမ္မသစ်ကျမ်းမှာဖော်ပြထားခြင်းအားဖြင့် သိနိုင်ပါတယ်။
သားတော်ယေရှုအားဖြင့် ကျွန်တော်တို့အားလုံး အပြစ်လွှတ်ခြင်းခံစားရသလို ထာဝရအသက်ကို ပိုင်ဆိုင်ကြသူများ လည်းဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က ကျွန်တော်တို့ရဲ့ လူအများနဲ့ အတူချီးမွမ်းခြင်း၊ ကိုးကွယ်ခြင်း၊ ဂုဏ်တော်ကျူးဧခြင်းများကို အင်မတန်မှနှစ်သက်ပါတယ်။ ကျွန်တော်တို့ဟာသုံးပါးတစ်ဆူဖြစ်တော်မူသော ခမည်းတော်၊သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို ကိုးကွယ်ဝတ်ပြုခြင်းဟာလည်း ကျွန်တော်တို့ကိုဖန်းဆင်းထားတဲ့ ဘုရားရှင်ရဲ့အလိုကို လုပ်ဆောင်ခြင်းသာဖြစ်ပါတယ်။ ဖန်ဆင်းရှင်ကို ၀တ်ပြုကိုးကွယ်ခြင်းဟာလည်း ကျွန်တော်တို့ဟာ ကိုယ်တော်နဲ့ တသားတည်းဖြစ်ခြင်းကိုဖော်ပြခြင်းလည်းဖြစ်ပါတယ်။    ဖန်ဆင်းရှင်ကို မကိုးကွယ်မ၀တ်ပြုခဲ့ရင် သင့်အသက်တာမှာ တစ်ခြားသောအရာများဖြစ်တဲ့ သင့်ရဲ့ပိုင်ဆိုင်မှုများ၊ ငွေကြေးချမ်းသာကြွယ်ဝမှုများ၊  သင့်အလုပ်စသဖြင့် ထိုအရာများအပေါ်မှာ သင်ကိုးစားပြီး အသက်ရှင်သောသူဖြစ်သွားပါလိမ့်မယ် ဆိုတာ သတိပေးပါရစေ။
၁၀။ သတင်းကောင်းကိုပိုမိုကျယ်ပြန့်စေရန်
နောက်ဆုံးအနေနဲ့ဖော်ပြလိုတာကတော့ဗိမာန်တော်သို့သွားရောက်ဝတ်ပြုခြင်းဟာခရစ်တော်ရဲ့သတင်းကောင်းကိုကျယ်ပြန့်ဖို့ဆိုတာပါပဲ။ ယုံကြည်သူများရဲ့ အသင်းတော်မှာ အရေးကြီးတဲ့အချက်ဖြစ်တဲ့လူမျိုးတကာတို့အားငါ့တပည့်ဖြစ်စေခြင်းဆိုတဲ့    မသဲ ၂၈း၁၉ မှာဖော်ပြထားတဲ့အချက်ပါပဲ။   ကျွန်တော်တို့ဟာ ခရစ်တော်ရဲ့ သတင်းကောင်းများဖြစ်တဲ့ ခရစ်တော်အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ အပြစ်လွှတ်ခြင်း၊  ယုံကြည်သူများအတွက် ကောင်းကင်ဘုံသို့ ၀င်စားခွင့်ရခြင်း စသည်များကို ဟောပြောဖို့ လိုပါတယ်။ အသင်းတော်ရဲ့ အဓိကရည်ရွယ်ချက်က ကောင်းကင်နိုင်ငံသို့ လူအများ ၀င်စားခွင့်ရရှိစေခြင်းဖြစ်ပါတယ်။
ဘုရားကျောင်းသို့ ပုံမှန်သွားရောက်ဝတ်ပြုခြင်းအားဖြင့် သတင်းကောင်းကို ဘယ်လိုကျယ်ပြန့်စေနိုင်ပါသလဲ။ နည်းပေါင်းစုံရှိပါတယ်။ ပထမအနေနဲ့ သင့်ရဲ့ဒေသန္တရ အသင်းတော်များ သင်အလှူငွေအားဖြင့် ပါဝင်ခြင်းဖြင့် သင့်နေထိုင်ရာနေရာမှာ ခရစ်တော်ရဲ့သတင်းကောင်းကို ပိုမိုဟောပြောနိုင်မှာဖြစ်ပါတယ်။ ယုံကြည်သူများရဲ့ အလှူငွေအားဖြင့် ပါဝင်ခြင်းမရှိတဲ့နေရာမှာ ထိုနေရာတဲ့ သာသနာဟာမှေးမှိန်ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။  အသင်းတော်သို့ပုံမှန်သွားရောက်ခြင်းအားဖြင့်   သင့်ပုံမှန်ပေးလှူနိုင်မှာဖြစ်ပါတယ်။    ဒုတိယအချက်အနေနဲ့ကတော့ အသင်းတော်မှာ ဟောကြားတဲ့နှုတ်ကပတ်တော်မြတ်ကိုကြားနာခြင်းအားဖြင့် သင်သည်လည်း ၀ိညာဉ်ပိုင်းဆိုင်ရာမှာ ပိုမိုနိုးကြားလာမှာဖြစ်ပြီး ထိုသတင်းကောင်းများ ကိုပြန်လည်ဝေငှနိုင် မှာဖြစ်ပါတယ်။ တတိယအချက်အနေနဲ့ကတော့ ဘုရားကျောင်းသို့ ပုံမှန်လာရောက် သူများအနေနဲ့ ခရစ်တော်ရဲ့အသက်ရှင်ခြင်းဟာလူသားများအတွက်ဘယ်လိုအဓိပါယ်ရှိတယ်ဆိုတာကို  သင်ကပြန်လည်ဝေငှနိုင်မှာဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ကတော့ သင်ဗိမာန်တော်သို့ ပုံမှန်လာရောက်ခြင်းအားဖြင့် အချိန်တိုင်းမှာ သင့်ရဲ့မိတ်ဆွေအပေါင်းအသင်းများကို သင်ခေါ်ဖိတ်ခြင်းအားဖြင့် သူတို့လည်း ခရစ်တော်ရဲ့ သတင်းကောင်းကိုကြားခွင့်ရ မှာဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေ- သင့်ကို ဘုရားသခင်ရဲ့ဗိမာန်တော်မှာ မကြာမီ တွေ့ဖို့မျှော်လင့်နေပါမယ်။
ကိုသက်ခိုင်
thet.tkm@gmail.com
မူရင်းဆောင်းပါး- Ten Good Reasons to GO to Church by Peter Mattice from The Christian Post

Thursday, July 5, 2012

                                    ၂၀၁၂ ချင်း မိသားစု နယ်သာလန်၊ ထင်းရှူးတောသို. အမှတ်တရ
                                ၂၀၁၁ ချင်းမိသားစု(နယ်သာလန်) မိုးရေထဲမှာ BBQ စားရင်း တပျော်တပါး

                                          ၂၀၀၉ ခုနှစ် ၊ ချင်း မိသားစု(နယ်သာလန်) ပင်လယ်ကမ်းခြေ Picnic

                            ၂၀၀၈ ခုနှစ်၊ ချင်းမိသားစု(နယ်သာလန်) ပင်လယ်ကမ်းခြေ အမှတ်တရ

Celebrate Your Freedom
TODAY’S SCRIPTURE
“You have been set free from sin...”
(Romans 6:18)                                                                                      
                                                                                                                                                                   
TODAY’S WORD from Joel and Victoria
Today in America, we celebrate Independence Day. July 4, 1776 was the day America declared its independence, but the battle for freedom went on until 1783 — seven years later. Even though the people declared their freedom in 1776, they had to stand and fight for many years before the British would accept and recognized the United States of America.
In the same way, we have to declare our freedom and be determined to stand against the opposing forces of darkness in our lives. We have to declare our freedom from addiction, poverty, sickness and lack. We have to stand and fight until we fully experience His freedom and the peace that He has promised.
I love what the early colonists did once they signed the Declaration of Independence. They read it out loud in public. They published it in the newspaper. They spread the word. They continued to declare and celebrate even though they were in the midst of the battle.
Today, no matter what battle you may be facing, declare that you are free and celebrate your freedom because the victory you seek is on the way!

Thursday, June 21, 2012

Give Him Your Cares
TODAY’S SCRIPTURE

“Give all your worries and cares to God, for he cares about you”                                                                                                                                                                                  
(1 Peter 5:7, NLT)
TODAY’S WORD from Joel and Victoria

God desires to take care of whatever may be concerning you today. He invites you to give your worries and cares to Him simply because He loves you!
How do you give Him your cares? First of all, understand that cares show up in your mind. When negative, self-defeating thoughts of worry come, you have to recognize them as cares and replace them with the Word of God. For example, if you are concerned about a need today, say out loud, “My God shall supply all my needs according to His riches in glory.” If you have fear about something, say out loud, “God has not given me a spirit of fear, but of power, love and a sound mind.” If you have sickness in your body, declare, “By His stripes I am healed.” As you meditate on the truth and focus your heart and mind on the Father, those cares and concerns will disappear.
Then, thank Him for giving you peace and joy. Thank Him for working in your life. As you keep an attitude of faith and expectancy, give Him your worries and cares and get ready for the blessing He has for your future!
A PRAYER FOR TODAY
Father in heaven, I come to You today casting my cares on You. I choose to believe Your Word and trust that You are working behind the scenes on my behalf. I give You all the praise and glory in Jesus’ name. Amen.

Wednesday, June 20, 2012

The Reward
of Diligence
TODAY’S SCRIPTURE
“...the appetite of the diligent is abundantly supplied”                                                                                                                                                                     
(Proverbs 13:4, AMP)
TODAY’S WORD from Joel and Victoria

God longs to pour out His favor and blessing on you. He longs to show you His goodness and provision. He promises to do His part, but you have to do your part, too. You have to be diligent. First of all, be diligent in seeking His ways and following His commands. Then, be diligent with what you have in your hand, with your time and resources.
In Matthew, Jesus tells a parable about three men whose employer entrusted them with some money called talents. Two of the men were diligent and invested the talents and received a great return. The third man was afraid and buried what he was given. The first two men were rewarded and praised for their diligence while the third man was rebuked.
Follow the example of the first two men and look for ways to be diligent with what you have in your hand. Whatever you do, do it with excellence. Be the best you can be and go the extra mile even when you think it goes unnoticed. Understand that when people don't notice, God notices and promises to reward the appetite of the diligent.

ကောင်းသော စပ်ဆိုင်သူ

June 20, 2012
Read: လု ၁၀း၂၉-၃၇
ချစ်သူတို့၊ ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်တော်မူသည်မှန်လျှင် ငါတို့သည်လည်း အချင်းချင်းကို ချစ်ရကြမည်။— ၁ ယော ၄း၁၁
၂၀၁၁ ခုနှစ် ဇွန်လက မြောက်ဒါကိုတာပြည်နယ် မီနော့မြို့တွင် ရေလွှမ်းမိုးမှုဘေးဒဏ် ခံရစဉ် အကူအညီ လိုအပ်နေသူများကို အနီးဝန်းကျင်မှ လူများက စောင်မကူညီခဲ့ကြသည်။ တစ်နာရီခန့်သွားရသည့် အရပ်ဒေသမှ လူများက မည်သူမျှမစေခိုင်းဘဲ အကူအညီပေးရန် ရောက်ရှိလာကြသည်။ အချို့က အိမ်ယာဆုံးရှုံးသူများ လိုအပ်သည့်ပစ္စည်းများကို ငှါးရမ်း ပေးသည်။ အချို့က မိမိတို့၏ ကားဂိုဒေါင်များကို ယာယီပစ္စည်းသိုလှောင်ရန် အသုံးပြုခွင့် ပေးကြသည်။ မြောက်ဒါကိုတာပြည်နယ်ရှိ လူများသည် ကောင်းသော စပ်ဆိုင်သူ၏ အဓိပ္ပါယ်ကို ဖော်ကျူးနေသည်။
ခရစ်တော်၏နောက်လိုက်များ အနေဖြင့် ကောင်းသောစပ်ဆိုင်သူဖြစ်ခြင်း —“အခြားသူများ အား မေတ္တာပြခြင်း” က အလိုအလျောက်ဖြစ်နေသင့်သည်(မ ၂၂း၃၉၊ ယော ၁၃း၃၅၊ ၁ယော ၄း၇-၁၁)။ သဘာဝဘေးအန္တရာယ်ကျရောက်စဉ် ရုပ်ရှင်ဆန်ဆန် ကြီးကြီးကျယ်ကျယ် ကူညီရန် အခွင့် အရေး ကျွန်ုပ်တို့တွင် မရှိသော်လည်း ကျွန်ုပ်တို့ အနီးဝန်းကျင်၌ ရှိသော လူများအား မေတ္တာပြရန် နည်းလမ်းများကို ကျွန်ုပ်တို့ရှာဖွေနိုင်ကြသည်။ ကောင်းသောစပ်ဆိုင်သူများဖြစ်ရန် အလို့ငှါ အခြားသူများကို ကျွန်ုပ်တို့ကြင်နာမှုပြသရမည်(လု ၁၀း၂၉-၃၇)၊ မျှတစွာ ဆက်ဆံရမည် (၀တ် ၁၉း၁၃-၁၈၊ ယာ ၂း၁-၈)၊ မှန်သောစကားကိုသာ ပြောဆိုရမည်(ဧ ၄း၂၅)၊ အပြည့်အ၀ခွင့်လွတ် ကြရမည် (ဧ ၄း၃၂၊ ကော ၃း၁၃)။
ယေရှုခရစ်တော်သည် ကျွနု်ပ်တို့ကို ချစ်၍ ကျွန်ုပ်တို့အတွက် အသက်တော်ကို စွန့်လွတ် ခဲ့သည်။ ကျွနု်ပ်တို့နှင့်အစပ်ဆိုင်ဆုံးသူဖြစ်သော ယေရှုခရစ်တော်အားဖြင့် အခြားသူကို ချစ်သော မေတ္တာစိတ်ပေါ်ထွက်လာသောကြောင့် ခရစ်ယာန်များသည် အကောင်းဆုံးသော စပ်ဆိုင်သူများ ဖြစ်နိုင်ပါသည်။—Marvin Williams